P_6 (Zawgyi)

2.9K 169 16
                                    

အနောက်ဘက်ကို ခေါင်းပြုပြီး အိပ်နေရတယ်ဆိုတဲ့စိတ်ကြီးကြောင့် တော်တော်နဲ့ ကျွန်တော်အိပ်မပျော်။ အကိုသူရကတော့ အရှေ့ဘက်လို့ ပြောတာပဲ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ အနောက်ဘက်လို့ အလိုလို ခံစားနေရတာ။

"အကိုသူရ... ကျွန်တော်အိပ်လို့မရဘူးလို့"

"ကိုယ်ပုံပြောပြရမလား"

"မရဘူး။ ပုံပြောပြလည်း အိပ်ပျော်မှာမဟုတ်ဘူး"

"ဒါဆို ဒီလိုလုပ်ရအောင်"

ပြောပြောဆိုဆိုနဲ့ အကိုသူရက ခေါင်းအုံးတွေကို အိပ်ရာခြေရင်းဘက် ရွေ့ လိုက်တယ်။

"လာ...ကိုယ်တို့ အနောက်ဘက်ကို ခေါင်းပြုပြီးအိပ်ကြတာပေါ့"

"ဖြစ်ပါ့မလား။ ခင်ဗျားအဒေါ်က ပြောနေမယ်"

"ဖြစ်တယ်။ အဒေါ်မထခင် ကိုယ်တို့စောစောထကြတာပေါ့။ လာ ကိုယ့်လက်မောင်းပေါ် လာအိပ်"

ဒီတိုင်းအိပ်နေရတာ တကယ်ကိုအဆင်မပြေတာမို့ အကိုသူရပြောသလိုမျိုး အနောက်ဘက်ကို ခေါင်းပြုပြီး သူ့လက်မောင်းပေါ် ဝင်အိပ်လိုက်တယ်။ အဲ့လိုအိပ်လိုက်မှပဲ ကျွန်တော်အိပ်ပျော်တော့တယ်။

မနက်ခင်းရောက်တော့ ကျွန်တော်တို့ စောစောထဖြစ်ကြပြီး ကံ့ကော်တစ်ထောင်ကို သွားရောက်ဖူးမျှော်ဖြစ်ကြတယ်။ ပြီးတော့ မင်းဘူးဘက်ကို ခရီးဆက်တယ်။ စက္ကိန်းတဲကို ဝင်ရောက်ဖူးမျှော်ပြီး နဂါးပွက်တောင်ကိုလည်း ဝင်ရောက်ခဲ့ကြတယ်။ ပြီးတာနဲ့ မကွေးကိုပြန်လာရတယ်။

ရွှေစက်တော်နဲ့ ကျောင်းတော်ရာကို တစ်ခါမှမရောက်ဖူးလို့ ကျွန်တော်ကသွားချင်ပေမယ့် အဲ့နေရာတွေက ဝေးတယ်ဆိုပြီး အကိုသူရက လိုက်မပို့။ နောက်တစ်ခါကျမှ သက်သက်သွားရအောင်တဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဘာမှအတွန့်တက်မနေတော့ဘူး။

အကိုသူရတို့အဒေါ်အိမ်ကို ပြန်ရောက်တော့ ခေတ္တခဏနားပြီး ရေချိုးကြတယ်။

ရေချိုးပြီးတော့ အကိုသူရက အပြင်ကို ပြန်ခေါ်လာပြီး မကွေးမြို့ကို ဆိုင်ကယ်နဲ့ တစ်ပတ်ပတ်တယ်။ မကွေးမြို့ရဲ့လမ်းတွေက အတော်လေးကို ကျယ်ပြီးတော့ ကျွန်တော်တို့စစ်ကိုင်းက လမ်းတွေနဲ့ လားလားမျှမဆိုင်။ ကျွန်တော်တို့စစ်ကိုင်းက လမ်းတွေက အရမ်းကိုကျဉ်းပြီး ထပ်ချဲ့ စရာလည်း နေရာကရှိမနေတော့။ မကွေးကတော့ ဒီလောက်လမ်းတွေက ကျယ်နေတာတောင် ထပ်ချဲ့လို့ ရနေသေးတယ်။ တကယ်ကို မိုက်ချက်ပဲ။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now