ဝဏ္ဏတစ်ယောက် အပြင်ကို ပြေးထွက်သွားတာနဲ့ ကျွန်တော့်ခေါင်းထဲ ရုတ်တရက်ဝင်လာတာက အခု အိမ်ထဲမှာ ကျွန်တော်နဲ့ သီဟနိုင်တို့ နှစ်ယောက်တည်းဆိုတာကိုပဲ။ အဲ့ဒါနဲ့ ကျွန်တော် အပျော်လွန်ပြီး သီဟနိုင်ကို အားကုန်ကျုံးပြီး ဖက်ပစ်လိုက်တယ်။
"ချစ်တယ် Baby"
သီဟနိုင်ရဲ့ နားရွက်နားကိုကပ်ကာ ခပ်တိုးတိုးလေသံနဲ့ ကျွန်တော်ပြောလိုက်တယ်။
"အရမ်းချစ်တယ်"
ပြောပြီး သီဟနိုင်ရဲ့မျက်နှာလေးကို မော့စေလိုက်တယ်။
"သိပ်သိပ်ချစ်တယ် baby"
ကျွန်တော့်အပြောကြောင့် ခပ်ရဲရဲဖြစ်သွားတဲ့ သီဟနိုင်ရဲ့မျက်နှာလေးက တကယ်ကိုကြည့်မဝ။ ကျွန်တော့်မှာ စိတ်မထိန်းနိုင်စွာနဲ့ သူ့နှုတ်ခမ်းလေးကို အနမ်းပေးမိတော့ ရင်ဘတ်ထဲကအကောင်က ဗြောင်းဆန်လာတယ်။ အဲ့တော့ ကျွန်တော့်မှာ အနမ်းတွေကို မထိန်းချုပ်နိုင်တော့။ မလွတ်တမ်းကို အဆက်မပြတ် နမ်းနေမိတော့တယ်။
"ချစ်ချင်တယ်ကွာ"
တုန်ယင်လှိုက်မောစွာနဲ့ ကျွန်တော်ကပြောတော့ သီဟဘက်ကနေပြီး အနမ်းတွေကို ပြန်လည်စတင်လာတယ်။
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် အငမ်းမရ စုပ်လျက်ကြပြီး သူ့လျှာနဲ့ ကျွန်တော်လျှာက အာခံတွင်းထဲမှာပဲ လိမ်ယှက်လို့ ပျော်မွေ့နေကြတယ်။ ဒီပုံစံအတိုင်းပဲ ကျွန်တော်နဲ့သီဟနိုင်က အချိန်ကြာတဲ့အထိ တရကြမ်းနမ်းနေကြပြီး နောက်တော့ ကျွန်တော်က သီဟနိုင်ကို စားပွဲပေါ် မ,တင်လိုက်တယ်။
စားပွဲပေါ်က ရှုပ်နေတာတွေကို နည်းနည်းရှင်းပြီး သီဟနိုင်ကို စားပွဲခုံပေါ် ပက်လက်လှဲချလိုက်တော့ သူ့မျက်နှာလေး ငိုမဲ့မဲ့ဖြစ်နေတာကို သတိထားမိလိုက်တယ်။
"ဘာဖြစ်လို့လဲ ကလေးလေး"
" သူတို့ပြန်လာရင်"
"အဲ့အတွက်မပူနဲ့baby ဒီနေ့က V-day ဆိုတော့ သူတို့အကြာကြီးစောင့်ရလိမ့်မယ်"
"တကယ်လို့မစောင့်ရရင်ရော"
"စောင့်ရမှာသေချာတယ်။ မနေ့က ကိုယ် အဲ့ဆိုင်ပိုင်ရှင်နဲ့တွေ့သေးတယ်။ သူ့ဆိုင်မှာ ကိတ်အော်ဒါတွေ အရမ်းအရမ်းများလို့ မနိုင်ဘူးတဲ့"