Prologue

5K 221 38
                                    

Monarch..

တနည်းအားဖြင့် အုပ်ချုပ်သူဟု အဓိပ္ပါယ်မည်တွင်သော နေရာ။ မျိုးနွယ်စုတစ်စု၏ ခေါင်းဆောင်နေရာ။ တိုင်းပြည်တစ်ပြည်၏ ရှင်ဘုရင်နေရာ။

ထိုနေရာနှင့် စပ်လျဥ်းလိုက်သည်နှင့် အင်အားကြီးမားသည်။ လွှမ်းမိုးနိုင်စွမ်းရှိသည်။ ဦးဆောင်နိုင်သည်။ ဩဇာကြီးမားသည်။ သွေးအေး၍ ပြတ်သားသည် စသဖြင့် ခွန်အားကြီး၍  လွှမ်းမိုးနိုင်သည်ဟူ၍သာ သတ်မှတ်ခံရသော Alphaများနှင့်သာ သင့်တော်ကြောင်း တစ်စုတစ်စည်းထဲ လက်ခံကြပါလိမ့်မည်။

ထို့ကြောင့်လည်း ခေတ်အဆက်ဆက် Alphaများကိုသာ ဦးဆောင်သူ အုပ်ချုပ်သူဖြစ်သင့်သည်ဟူ၍ စံချိန်စံနှုန်းများ ထားခဲ့ကြသည် မဟုတ်ပါလား။

တစ်ဖက်တွင်တော့ Alpha နှင့်ဆန့်ကျင်စွာ အားနည်းသည်။ ပျော့ညံ့သည်။ ခံစားလွယ်သည်။ အကာကွယ်ခံဖြစ်သည်။ စွမ်းဆောင်ရည် လျော့နည်းသည်။ ဦး​ဆောင်နိုင်စွမ်းထက် နာခံနိုင်စွမ်းသာ ကြီးမားသည်ဟု သမုတ်ခံရသူကတော့ Omegaများပင် ဖြစ်လေသည်။

သို့သော် ထိုစံချိန်စံနှုန်းများကို သွေဖယ်၍ Omegaတစ်ဦးကသာ ဦးဆောင်အုပ်ချုပ်သူတစ်ဦး ဖြစ်လာခဲ့မည်ဆိုလျှင်...?

#Tbc

A/N: တခါမှ မစမ်းသပ်ဖူးတဲ့ omegaverseကို ပထမဆုံး စိန်ခေါ်ကြည့်လိုက်ပါပြီ >< omegaverse + royal conceptဆိုတော့ အတော်လေးလဲ စိတ်လှုပ်ရှားမိပါတယ် ဟီး။ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး ပုံဖော်​ကြည့်မှာမို့ အများကြီး ဖတ်ရှုအားပေးကြပါဦးနော် ♥♥

နောက်ပြီး Plotlineနဲ့ နာမည်​တွေက 라기ကိုယ်တိုင် စဥ်းစားထားတာဆိုပေမယ့် မမျှော်လင့်ပဲ ဆင်တူရိုးမှားရှိခဲ့တာမျိုး ဖြစ်ခဲ့ရင် လာပြောလို့ရပါတယ်ရှင်❤ 

ဒါဖြင့်ရင် နောက်တပိုင်းမှာ ပြန်ဆုံကြပါမယ်နော် ><♥ Feedbackလေးတွေ မျှော်လင့်မိပါကြောင်း~~🤫

- 해바라기

Monarch..

တနည္းအားျဖင့္ အုပ္ခ်ဳပ္သူဟု အဓိပ္ပါယ်မည်တွင်ေသာ ေနရာ။ မ်ိဳးႏြယ္စုတစ္စု၏ ေခါင္းေဆာင္ေနရာ။ တိုင္းျပည္တစ္ျပည္၏ ရွင္ဘုရင္ေနရာ။

ထိုေနရာႏွင့္ စပ္လ်ဥ္းလိုက္သည္ႏွင့္ အင္အားႀကီးမားသည္။ လႊမ္းမိုးနိုင္စြမ္းရွိသည္။ ဦးေဆာင္နိုင္သည္။ ဩဇာႀကီးမားသည္။ ေသြးေအး၍ ျပတ္သားသည္ စသျဖင့္ ခြန္အားႀကီး၍ လႊမ္းမိုးနိုင္သည္ဟူ၍သာ သတ္မွတ္ခံရေသာ Alphaမ်ားႏွင့္သာ သင့္ေတာ္ေၾကာင္း တစ္စုတစ္စည္းထဲ လက္ခံၾကပါလိမ့္မည္။

ထို႔ေၾကာင့္လည္း ေခတ္အဆက္ဆက္ Alphaမ်ားကိုသာ ဦးေဆာင္သူ အုပ္ခ်ဳပ္သူျဖစ္သင့္သည္ဟူ၍ စံခ်ိန္စံႏႈန္းမ်ား ထားခဲ့ၾကသည္ မဟုတ္ပါလား။

တစ္ဖက္တြင္ေတာ့ Alpha ႏွင့္ဆန့္က်င္စြာ အားနည္းသည္။ ေပ်ာ့ညံ့သည္။ ခံစားလြယ္သည္။ အကာကြယ္ခံျဖစ္သည္။ စြမ္းေဆာင္ရည္ ေလ်ာ့နည္းသည္။ ဦးေဆာင္နိုင္စြမ္းထက္ နာခံနိုင္စြမ္းသာ ႀကီးမားသည္ဟု သမုတ္ခံရသူကေတာ့ Omegaမ်ားပင္ ျဖစ္ေလသည္။

သို႔ေသာ္ ထိုစံခ်ိန္စံႏႈန္းမ်ားကို ေသြဖယ္၍ Omegaတစ္ဦးကသာ ဦးေဆာင္အုပ္ခ်ဳပ္သူတစ္ဦး ျဖစ္လာခဲ့မည္ဆိုလွ်င္...?

#Tbc

A/N: တခါမွ မစမ္းသပ္ဖူးတဲ့ omegaverseကို ပထမဆုံး စိန္ေခၚၾကည့္လိုက္ပါၿပီ >< omegaverse + royal conceptဆိုေတာ့ အေတာ္ေလးလဲ စိတ္လႈပ္ရွားမိပါတယ္ ဟီး။ ဒါေပမယ့္ အတတ္နိုင္ဆုံး ႀကိဳးစားၿပီး ပုံေဖာ္ၾကည့္မွာမို႔ အမ်ားႀကီး ဖတ္ရႈအားေပးၾကပါဦးေနာ္ ♥♥

ေနာက္ၿပီး Plotlineနဲ႕ နာမည္ေတြက ကိုယ္တိုင္ စဥ္းစားထားတာဆိုေပမယ့္ မေမွ်ာ္လင့္ပဲ ဆင္တူရိုးမွားရွိခဲ့တာမ်ိဳး ျဖစ္ခဲ့ရင္ လာေျပာလို႔ရပါတယ္ရွင္ ♥

ဒါျဖင့္ရင္ ေနာက္တပိုင္းမွာ ျပန္ဆုံၾကပါမယ္ေနာ္ ><♥ Feedbackေလးေတြ ေမွ်ာ္လင့္မိပါေၾကာင္း~~ 🤫🤫

- 해바라기

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now