Episode:14

1.1K 151 115
                                    

*ကျုပ် မင်းကို သိပ်စိတ်ပျက်မိတယ် အရှင်*

စကားလေး တခွန်းသာ ဖြစ်သော်ငြား ရိုက်ခတ်မှုက ကြီးမားသည်။ စိတ်ဆိုးသည့်ခံစားချက်လည်း မဟုတ်၊ စိတ်ခုသည့်ခံစားချက်မျိုးလည်း မဟုတ်ပဲ စိမ်းကားသောထိုအကြည့်နှင့် ခပ်ပြတ်ပြတ်စကားလုံးတို့ကြောင့် အရှင်လေးမှာ စိတ်မကောင်းဖြစ်သလိုလို၊ ခံပြင်းသလိုလိုဖြင့် အမျိုးအမည်မသိသော ခံစားချက်တို့ဖြစ်ပေါ်ရလေသည်။ တကြိမ်ကလေးမှ သေးသေးတင်မခံဖူးသူက သည်alphaနှင့်မှ ထိုသို့သော ခံစားချက်မျိုးဖြစ်ရသည်မို့ ပို၍ထူးဆန်းပါသည်လေ။

စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည့် သူက မှန်မနေခဲ့သော်လည်း ထိုalphaကလည်း လွန်သည်မဟုတ်လား။ လေတစ်လုံး မိုးတစ်လုံးဖြင့် ကိုယ်ရံတော်ဖြစ်ချင်ကြောင်းပြောခဲပြီး တကယ်တမ်း အဆက်ဟောင်းနဲ့ ပြန်တွေ့တော့ သူ့အား ရှိသည်တောင် မထင်ရအောင် လျစ်လျူရှုခဲ့တာလေ။ ဒါ့အပြင် သဘောကျသူရှိသည်ဆိုပြီး သူ့ကိုလည်း အသားလွတ်နမ်းသွားပြန်သေးသည်။ ပထမအကြိမ်များကဲ့သို့ ပညာပေးချင်၍ လုပ်သည် ခံစားရသည်ကြောင့် အတော်လေး မခံချင်ဖြစ်ရ​လေသည်။

ထို့ကြောင့်ပဲ အတွေးလွန်ကာ စိတ်လိုက်မာန်ပါ လုပ်မိခြင်းပင်။ သို့သော်လည်း စကားနိုင်လု၍ အနိုင်ရလိုက်သည့် ခံစားချက်မျိုးကဲ့သို့ ဝမ်းသာ၍ မနေပဲ စိတ်ပျက်အားလျော့သောအကြည့်တို့ဖြင့် စကားတခွန်းကိုသာ ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားသော ထိုalphaကြောင့် အရှင်လေးမှာ အင်မတန် ခံရခက်ပါသည်။ သာမန်နှင့် မတူပဲ စိမ်းကားလှသည့် ထိုမျက်ဝန်းစိမ်းစိမ်းတို့အား လုံးဝ မနှစ်သက်ပါလေ။

ယခုလည်း ခေါင်းဆောင်နှင့်အတူ ထိုနယ်မြေကို လိုက်လံကြည့်ရှုရသော်လည်း သူ့အား လျစ်လျူရှုထားသော ထိုalphaအား တခုခုလုပ်ပစ်လိုက်ချင်မိတော့သည်။ သူ့ကိုကျ စကားလေးပင် ဖက်မပြောပဲ သူငယ်ချင်းဆိုသော ထိုomegaနှင့်ကျ ရယ်မောနေလိုက်ပုံများ။

"ဒါက ကျုပ်တို့ နယ်မြေရဲ့ အလှဆုံး အပန်းဖြေနေရာပေါ့ အရှင်"

ကျောက်ဆောင်များပေါ်မှ ပန်းချီကားဆန်ဆန် စီးကျနေသော ရေတံခွန်သည် မိုးမခတောအတွင်းသို့ ဖြတ်၍စီးဆင်းသော စမ်းချောင်းလေးနှင့် ဆက်သွယ်၍နေသည်။ ကျောက်ဆောင်နက်နက်တို့ကြားမှ ရေဖွေးဖွေးတို့သည် မြင်ရသူတိုင်းကိုပင် စိတ်ကြည်လင်စေနိုင်သည့် ရှုခင်းပါပင်။ အရှင်လေးမှာ မချိုမချဥ်ဖြစ်နေသော စိတ်တို့ပင် အနည်းငယ်ပြေလျော့လာသေးသည်လေ။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now