Episode:12

918 136 83
                                    

"ဟင့်! alpha!"

လက်ဝါး ပြင်ကြီးတို့နှင့် ခပ်ကြမ်းကြမ်း ဖိချုပ်ကာ မညှာမတာရယူနေသော ထိုalphaက  ပုံမှန်အချိန်တွင် လေးစားမှုဖြင့် ဆက်ဆံတတ်သော ကိုယ်ရံတော်ကင်မ်နှင့် ခြားနားစွာ မိစ္ဆာသဖွယ်ပင်ဖြစ်သည်။ သို့သော်လည်း ငြင်းဆန်ခြင်းပင် မရှိပဲ ကျိုးနွံလွန်းနေသော လာဗင်ဒါလေးကား ပို၍ကြက်သီးစရာကောင်းပါသည်။ နာကျင်မှုအတိဖြစ်သော်လည်း သာယာသယောင် ငြီးတွားသံတို့အား နားရှက်ဖွယ် မြည်ဟည်းလျက်ပင်။

တခါနှစ်ခါကြုံရသော အဖြစ်မဟုတ်၍ အိပ်မက်မှန်း သတိထားမိသည်။ သို့သော်လည်း innerwolfက ထိန်းချုပ်ထားသကဲ့သို့ နိုးထ၍မရသော အရှင့်အခြေအနေမှာ ပြစ်ဒဏ်သင့်နေသကဲ့သို့ပါပင်။ heat နီး၍လားမသိ ထူးဆန်းသော အိပ်မက်များပါ ခဏခဏမက်သည်ကြောင့် အရှင်လေးမှာ အိပ်ရာဝင်ရမည်ကိုတောင် ခပ်လန့်လန့် ဖြစ်ရသည်လေ။

inner wolfသည် ထိုalphaအား ဘယ်လောက်ထိ စွဲလမ်းနေသည်လဲဆိုသည်မှာ အပြင်တွင် ထုတ်ပြောရန်ပင် ရှက်ဖွယ်ကောင်းသော စကားတို့ကို အိပ်မက်တွင်း အထပ်ထပ်ငြီးတွားရင်း ညှာတာခြင်းမရှိပဲ ရယူနေသော ထိုalphaအား ကျိုးနွံစွာပင် ပေးဆပ်သည်လေ။ လန့်နိုးသည့်အခါတိုင်း ကြက်သီးမွှေးညင်းထရသည်မှာ အကြိမ်ကြိမ်ပါပင်။

ပုံရိပ်ယောင် ထိုalphaက mateအမှတ်အသားပြုရာနေရာဖြစ်သော လည်ဂုတ်အစပ်သို့ ချည်းကပ်လာချိန်တွင်တော့ ခေါင်းကို တွင်တွင်ခါယမ်းကာ နိုးထလာနိုင်ရန် ကြိုးစားမိသည်။

*ဟင့်အင်း... မဖြစ်ဘူး...*

အသိစိတ်မှ ငြင်းဆန်နေပါသော်လည်း နှုတ်မှသည် နားရှက်ဖွယ် ငြီးတွားသံအား ပြုကာ လည်တိုင်အား စောင်းပေးလေသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ပုံရိပ်ယောင် မျက်ဝန်းစိမ်း alphaက မညှာတာစွာ ကိုက်ခဲသည်။ တဆက်တည်းမှာပင် အနောက်ဘက်ရပ်ဝန်းမှ ဆတိုးသော နာကျင်မှုကိုလည်း ခံစားရသည်။ mateအဖြစ် အထမြောက်သွားခဲ့ ပြီပင် ဖြစ်သည်။

"ဟင့်အင်း!!!"

နောက်ဆုံးတွင်တော့ နိုးထလာနိုင်ခဲ့သည်။ နဖူးကို စမ်းမိတော့ ချွေးစေးများပင် စို့နေပြီဖြစ်သည်။ ချွေးစတို့ကို သုတ်ကာ ကြက်သီးထဖွယ် အိပ်မက်ကြောင့် နိမ့်ချည်မြင်ချည် ရင်ဘတ်အား ဖိရင်းသာ အမောဖြေမိတော့သည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now