Episode: 5

1K 167 59
                                    

*contains a little bit of spicy scene 😬 but not too much

Heatပြီးခါနီးဖြစ်သည်မို့ ရှေ့ရက်များထက် အများကြီး သက်သာလာသည်ကြောင့် နှုန်းချိချိဖြစ်နေသော ခန္ဓာကိုယ်အား သန့်စင်ရန် ဂူအရှေ့ရှိ ရေအိုင်တွင်းသို့ ဆင်းကာ စိမ်နေမိသည်။

သိုသော်လည်း မျက်နှာတစ်ဝက်ကို ဖုံးအပ်ထားသော ဇာပဝါစကိုတော့ မချွတ်မိ။ ချွတ်မိလျှင် လုံခြုံမှုမရှိသည့် ခံစားချက်ကြောင့်ဆို ပို၍ မှန်မည် ထင်ပါရဲ့။

သို့ပေမယ့် အရှင့်၏ သီးသန့်အိုအေစစ်လေး ဖြစ်သည့်အပြင် သာ်နေရာကို သိထားသော မိုးရနံ့ရှိသည့် လူထူးဆန်းကလည်း ဒီအချိန် လာလေ့လာထမရှိသည်မို့ စိတ်ပူရန်မလိုပါလေ။

Heatဖြစ်သော်လည်း ကြားဖူးသလို အသိစိတ်လွတ်၍ ဟော်မုန်းများထကြွကာ Alpha၏ ထိတွေ့ခြင်းကိုသာ တောင့်တနေခြင်းမျိုးမရှိသည်ကြောင့် ကျေလည်း ကျေနပ်မိသည်။ သို့သော် heat၏ မာယာကိုတော့ မေ့လျော့နေဟန်ပေါ်ပါသည်။

မိမိအတွေးနှင့် မိမိ ကျေနပ်စွာ ကျောက်ဆောင်ကို မှီလျက် မျက်လုံးမှိတ်ကာ သက်တောင့်​သက်သာနေနေလေသော အရှင်။ ခပ်လှမ်းလှမ်းတွင် ရောက်နေသော မိုးရနံ့ပိုင်ရှင်ကိုတော့ သတိထားမိဟန်မပေါ်ပေ။

တဖက်မှ မိုးရနံ့ပိုင်ရှင်မှာလည်း ရေကန်ထဲမှ ဖြူဝင်းသော အလှတရားလေးအား ဆက်၍ပဲ ကြည့်နေရမည်လား၊စိတ်ကြီးသူမို့ သတိမထားမိခင် ပြန်ပဲ ပြေးရမည်လား၊ ထိုအခါမှ သူ့အနံ့ကို သတိထားမိကာ တမျိုးထင်သွားမည် စိုး၍ ရောက်ကြောင်း အသိပဲ ပေးရမည်လား အကျပ်ရိုက်လေသည်။

မျက်နှာတစ်ဝက်ကို ပဝါဖြင့် အုပ်ထားသည်ကြောင့် မမြင်ရသော်လည်း မျက်ခုံးနက်နက်နှင့် ကော့ညွတ်သော မျက်တောင်တို့က သူမြင်ဖူးသော ခရမ်းစွဲရောင်မျက်ဝန်းတို့နှင့် သိပ်လိုက်ဖက်လွန်းသည်။ ထို့အ​ပြင် မျက်နှာချင်းဆိုင် အနေအထားဖြစ်နေသည်ကြောင့် ​မျက်ဝါးထင်ထင်တွေ့နေရသော ညှပ်ရိုးလှလှ၊ ရင်ဘတ်ဖွေးဖွေးနှင့် ချယ်ရီသီးသဖွယ် နီရဲနေသော အငုံအဖူးလေးတို့က သူ့စိတ်ကို မရိုးမရွဖြစ်စေလေသည်။ ထိုမှတဆင့် သိမ်ဆင်းသွားသည့် ခါးသွယ်သွယ်က လာဗင်ဒါလေး၏ ဆွဲဆောင်မှုကို ပိုစေသည်။ သူ့နေရာမှာ အခြား ရာဂစိတ်ပြင်းပျသော alphaသာဆိုလျှင် လာဗင်ဒါလေးအတွက် မတွေးရဲစရာပါလေ။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now