Episode:18

952 129 52
                                    

"သမားတော်မင်၊ သင်းကွဲ အုပ်စု ခေါင်းဆောင်နဲ့ သူစိမ်းအမျိုးသားတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် အရှင်"

အမတ်အချို့တင်ပြထားသည့် အကြောင်းအရာများအား အသေအချာဖတ်ရှုနေစဥ်မှာပင် အပြင်မှ အမှုထမ်း၏ အသံအား အာရုံရောက်သည်။သူစိမ်းအမျိုးသားဆိုသည်က သခင်လေးပတ်ခ်ဖြစ်ဟန်တူသည်။ တဦးတည်းသီးသန့်လာလျှင် အထင်လွဲစရာဖြစ်မည်စိုး၍ သမားတော်မင်ကို အကာအကွယ်ယူ၍ ရောက်လာရဟန်ပေါ်ပါသည်လေ။

ကြားခံသံတမန်အဖြစ် တာဝန်ယူနေကျ ကိုယ်ရံတော်ကင်မ်မရှိသည့်အချိန်တွင် ရောက်လာသည့်အပြင် ခါတိုင်းတွင် အမှုထမ်းများမှ တဆင့်အမှာပါးလေ့ရှိသေ ခေါင်းဆောင်ပတ်ခ်ပါ ကိုယ်တိုင်ရောက်လာပုံအရ ကျိန်းသေပေါက် ကိစ္စ တခုခုရှိ၍သာ ဖြစ်ပါလိမ့်မည်။ မင်္ဂလာကိစ္စအကြောင်း စကားစမည်စိုး၍ ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်နေခဲ့သည့်တိုင် ကိုယ်တိုင်ရောက်လာသည့်အခါ ရင်ဆိုင်ရပါဦးမည်။

"မတွေ့တာကြာပြီပဲ ခေါင်းဆောင်ပတ်ခ် လာရင်းကိစ္စကို ပြောပါ"

"အရေးကြီးကိစ္စဆွေးနွေးချင်တာမို့ အခြားသူတွေ ရှောင်ခိုင်းပေးလို့ရမလား အရှင်"

သမားတော်မင်နှင့် အခြားအမှုထမ်းအချို့ကို မျက်ရိပ်မျက်ခြေပြသည်မို့ ရှောင်ခိုင်းကာ အခန်းတွင်း၌ သင်းကွဲအုပ်စုခေါင်းဆောင် သားအဖနဲ့ အရှင်သာ ကျန်ရစ်ပြီးနောက် သင်းကွဲအုပ်စု ခေါင်းဆောင်က စကားစလေသည်။

"အမှုထမ်းတွေနဲ့ရော အရှင်နဲ့ပါ ပိုပြီး ရင်းနှီးမှုရှိဖို့ မဟာမိတ်ညစာစားပွဲ သဘောမျိုး လုပ်ဖို့ အရှင့်ဆန္ဒကို သိချင်လို့ပါ"

"ညစာစားပွဲ? မဟာမိတ်ကိစ္စတွေက အကုန်မပြီးသေးပဲ ဘာလို့များလဲ"

"အခုပြောသလိုပဲ Eldoraက အမှုထမ်းတွေနဲ့ အရှင်နဲ့ပါ ပိုပြီး ရင်းနှီးမှုရယူချင်လို့ပါ။ ဘာပဲပြောပြော ရေရှည်တွေ့နေရမယ့် ဆက်ဆံရေးတွေမို့ လိုအပ်တယ်လို့လည်း ခံစားမိလို့ပါအရှင်"

"အဲ့လို ညစာစားပွဲတခု စီစဥ်ပေးဖို့ကို ကိုယ်တော်ကြိုတွေးပြီးသားပါ ခေါင်းဆောင်ပတ်ခ် ကိစ္စတွေ လက်စမသတ်ရသေးလို့ အကောင်အထည်မဖော်ရသေးရုံပါ"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now