Episode:19

917 140 74
                                    

"ဒီအမှတ်အသားနဲ့ ပတ်သက်ပြိး ဖြေရှင်းရအောင် အရှင်"

"အဲ့...အဲ့ဒါက...."

ခန်းမအတွင်းရှိ အမှုအရာထမ်းတိုင်း၏ မျက်လုံးသည်လည်း မယုံကြည်နိုင်သည့် အကြည့်တို့ဖြင့် အမှတ်အသားနေရာမှ မျက်လုံးမခွာနိုင်ကြသလို

သင်းကွဲအုပ်စုခေါင်းဆောင်၏ မျက်လုံးတို့သည်လည်း မီးဝင်းဝင်းတောက်ကာ အမဲဖျက်တော့မည့်ဟန်ပင်။

"mateရှိနေရဲ့သားနဲ့ မဟာမိတ်ပြုရုံသက်သက် ကျုပ်သားကို ကြင်ယာမြှောက်မယ် ကတိပေးခဲ့တာလား? ကျုပ်ရဲ့ သားက omegaဆိုပေမယ့် ဂုဏ်သရေရှိတဲ့ လုလင်ပျိုတစ်ယောက်ပါ။ Mateရှိပြီးသား alphaရဲ့ ကိုယ်လုပ်တော်အဖြစ် ရှိစေဖို့ သဘောတူခဲ့တာ မဟုတ်ဘူးနော် အရှင်"

ဂုဏ်သရေရှိသော သားဖြစ်သူအား ကုန်ပစ္စည်းအလဲအထပ်ပြုသကဲ့သို့ အတင်းကာရော ထိုးပေးခဲ့သူက ယခုကျမှ သူက အတင်းအကျပ် မတရား ကမ်းလှမ်းသူကဲ့သို့ စကားဆိုသည်က လွန်လွန်းပါသည်။

သို့သော်လည်း သူတုန်လှုပ်နေလို့ မဖြစ်ပါ။ သည်အတိုင်းသာဆိုလျှင် ဖုံးကွယ်ထားသည့် သရုပ်မှန်ပါ အနှေးနှင့်အမြန်ပေါ်သွားနိုင်သည်ပင် မဟုတ်လား။ ထို့ကြောင့်ပင် လျှောကျလျက်ရှိသော အင်္ကျီအား အလျင်ဆွဲကာလိုက်ကာ

"ခင်ဗျားကမှ အခု ဘာလုပ်တာလဲ ခေါင်းဆောင်ပတ်ခ်! ကိုယ်တော့်ညီလာခံကိုလာပြီး မဖွယ်မရာအမှုကို ပြုတယ်?တိုင်းပြည်အရှင်ကိုလေ"

"ကျုပ်အပြုအမူက မယဥ်ကျေးတာ လက်ခံပါတယ် အရှင်။ ဒါပေမယ့် အဖြစ်မှန်ကိုလည်း သဲကွဲအောင် သိရမှဖြစ်မှာမို့ ကျေးဇူးပြုပြီး ဖြေရှင်းပေးပါ အရှင်"

စိတ်ရှိအတိုင်းသာဆို မှတ်သားလောက်အောင် အ​ပြစ်ပေးပြီးလောက်ပြီ ဖြစ်သော်လည်း မိမိပြဿနာအရှုပ်အား အရင်ဖြေရှင်းရမည်ကြောင့် အံကြိတ်ရုံသာ တတ်နိုင်သည်က ခံပြင်းစရာပါပင်။

"ကျနော်တို့ မသိရတဲ့ ဒီအမှတ်အသားနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးပါအရှင်"

"အဖြစ်မှန်ကို ဝန်ခံပေးပါအရှင်"

အမျက်ဒေါသကြောင့်ရော၊ ထိတ်လန့်တုန်လှုပ်မှုကြောင့်ပါ အရှင့်ကိုယ်ငယ်ဟာ တဆတ်ဆတ်တုန်လျက်ရှိသည်။ မိမိဘက်မှာ တဦးတယောက်မျှ မရှိသည့် သည်ခိုးကိုးရာမဲ့အခြေအနေကို သိပ်မုန်းပါသည်။ ပိုင်ဆိုင်ခဲ့သမျှ ထီးနန်း အာဏာနှင့် ဂုဏ်ဒြပ်တို့သည် မျက်စိတမှိတ်အတွင်းမှာပင် ပျောက်ကွယ်လုပြီထင်ပါသည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now