Episode: 20

1K 123 45
                                    

"မင်းသားလေး.. လာခဲ့ပါဦး ဒီနားကို"

ဆံနွယ်နီနီတွေရှိသော လှပကျော့ရှင်းသည့် အမျိုးသမီးက ဥယျာဥ်တွင်း ဆော့ကစားနေသော ၉နှစ်အရွယ် ကလေးငယ်အား လက်ယပ်ခေါ်သည့်အခါ မင်းသားလေးဆိုသူ ထိုကလေးငယ်က အနီးသို့ အလျင်အမြန်ပြေးလာသည်။

"မယ်မယ်ပြန်ရောက်ပြီပဲ။ ဒီတခါ ခရီးစဥ်ကို ကြာမယ်ထင်ခဲ့တာ"

"မင်းသားလေးကို လွမ်းလို့ အမြန်ပြန်လာခဲ့တာပေါ့။ မုန့်ချိုတွေ အများကြီးပါလာတာမို့ တူတူ စားကြမလား မင်းသားလေး"

လာဗင်ဒါပန်းတို့ဝန်းရံသည့် ဥယျာဥ်တွင်း ကပ်လျက်ထိုင်နေသည့် တော်ဝင်မျိုးနွယ်နှစ်ဦး။ ဆံနွယ်နီနီတွေရှိသော သူမက ကလေးပီပီ မုန့်ကိုသာ အာရုံတစိုက် စားနေသော မင်းသားလေးအား ပြုံးလျက်ကြည့်ကာ ဆံနွယ်နုနုလေးများအား ပွတ်သပ်ပေးမိသည်။ ပုံမှန်ချိန်တွင် မြင်ရခဲလှသည့် အပြုံးချိုချိုတို့မှာ ထိုကလေးငယ်နှင့် ရှိနေချိန်တွင်တော့ ဖောသီလှပါသည်လေ။

"မင်းသားငယ်လေး။ မင်းသားလေးက တချိန်မှာ ကျိန်းသေ အုပ်ချုပ်သူဖြစ်ရမယ်နော်။ အုပ်ချုပ်သူဖြစ်ပြီး တိုင်းပြည်ကို ကာကွယ်ပေးရမယ်"

"မယ်မယ်ရှိနေတာပဲကို။ သားက ငယ်သေးတယ်လေ"

ကလေးအတွေးဖြင့် စကားဆိုသော မင်းသားလေးမှာ ကြုံလာရမည့် အဖြစ်ဆိုးများကိုသာ ကြိုသိခဲ့ပါလျှင် ထိုကဲ့သို့ ပြောနိုင်လိမ့်မည်ပင် မဟုတ်ပါ။

"ဟုတ်တာပေါ့ မင်းသားလေးက တကယ့်ကို ငယ်ငယ်လေးရှိသေးတာ.. ဒါပေမယ့်လေ...မယ်မယ်က ဒီတိုင်းပြည်ကို အကြာကြီး မကာကွယ်နိုင်တော့ဘူးထင်တယ် မင်းသားငယ်လေးရဲ့။ ဒါကြောင့် မင်းသားလေးက သန်မာအောင်လုပ်ပြီး ပြန်ပြီး ကာကွယ်ပေးပါ။ မမျှော်လင့်ပဲ မသမာတဲ့သူလက်ထဲ ထည့်ပေးလိုက်ရရင်တောင် တချိန်ကျ မင်းသားလေးက ပြန်ပြီး အရယူပေးပါ"

အဓိပ္ပါယ်ဝှက်ပေါင်းများစွာ ပါဝင်သော စကားလုံးတို့သည် ကလေးသာသာအရွယ် မင်းသားလေးအတွက်တော့ နားလည်ရခက်သည်ကြောင့် ထိုကလေးငယ်မှာ ခေါင်းကိုသာ အသာစောင်းလိုက်ရင်း

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now