Episode: 7

1.1K 175 110
                                    

Warning: Semi non-consensual adult scene ahead. Please pass, if you're uncomfortable with that

အိပ်မောကျနေရာမှ ထူးဆန်းသည့် မွန်းကျပ်ကျပ် ခံစားချက်ကြီးကြောင့် မျက်လုံးများ ဖွင့်ကြည့်မိလေတော့

"ဟင် ခင်ဗျား--အု"

အုပ်မိုးထားသည့် ခန္ဓာကိုယ်ကြောင့် အပြည့်အဝပင် အံ့ဩခြင်း မပြုရသေးခင်မှာပင် နှုတ်ခမ်းကို လက်ဖြင့် ဖိပိတ်လာသည်ကြောင့် ပို၍ ထိတ်လန့်လာတော့သည်။ လရောင်ပျပျအောက်မှ ဝိုးတဝါးမြင်ရသည့် မျက်ဝန်းစိမ်းစိမ်းတို့က ကျူးကျော်ဝင်ရောက်သူသည် မည်သူဖြစ်ကြောင်းကို အတိအလင်းဖော်ပြနေသည်လေ။ သည်လောက်ထိ လုံခြုံရေးတင်းကျပ်သည်ကို ဘယ်လိုများ လှည့်ဖြားပြီး သူ့အိပ်ဆောင်ထဲအထိ ဝင်ရောက်လာခဲ့သည်များလဲ။

"မင်းရဲ့ ကြီးမြတ်လှပါတယ်ဆိုတဲ့ နန်းဆောင်ကို ကျုပ်ရောက်လာပြီလေ လာဗင်ဒါရဲ့။ ဘယ်လိုလဲ စိတ်လှုပ်ရှားသွားရဲ့လား"

"အွန့်--အွန်း"

ဖိကပ်၍ ပိတ်ထားသော လက်ဝါးကြီးနှင့်လက်ချောင်းရှည်ရှည်တို့သည် အားပါလွန်းသည့်အပြင် လွတ်နေသည့် အခြား လက်တဖက်ဖြင့် သူ့အား လက်ကောက်ဝတ်မှ စု၍ ကိုင်ထားသည်ကြောင့် ရုန်းကန်၍ပင် မရ။ သတိလက်လွတ် အိပ်ပျော်နေခဲ့သည်ကြောင့် ထိုalphaဟာ အသာစီးသည့် အနေအထားကို ရရှိခဲ့သည်လေ။

"ဝတ်ရုံငှားခဲ့တဲ့ အဖိုးအခကို ပြန်ပေးဖို့ အချိန်ကျပြီလို့ မထင်ဘူးလား? မိုးမခတောက မပြီးပြတ်ခဲ့တဲ့ ဇာတ်လမ်းကို ဆက်ကြရအောင်လေ"

လူးလွန့်ရုန်းကန်နေသည့် သူ့အား ငတ်မွတ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စဥ်းလဲသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေသော ထိုalpha။ ကျိန်းသေပေါက် ဘယ်လိုအနေအထားကို ဦးတည်နေသည်ကို ရိပ်စားမိသည်ကြောင့် ချွေးစေးများပင် ပြန်လာကာ ပို၍ အကြောက်အကန် ရုန်းကန်မိတော့သည်။

"ဘာလို့ ငြင်းဆန်နေတာလဲ။ မင်းလည်း ကျုပ်ကို လိုချင်နေတာပဲလေ လာဗင်ဒါရဲ့"

စူးရဲစွာ ပြန်ကြည့်သည့် မျက်ဝန်းဝိုင်းတို့အား ခနဲ့သယောင်ရယ်ရင်း သလွန်ထက်မှ အလှတရားလေးအား အပြည့်အဝ ရှုစားနေသည့် ထိုalpha။ ပြင်းထန်လာသော မိုးရနံ့နှင့်အတူ အတုအယောင် သစ်တောရနံ့က ပျောက်ရှကာ တဆတဆ ပိုတိုး၍ ရောယှက်လာသော လာဗင်ဒါရနံ့က အရှင့်အား ပို၍ အားနည်းစေလေသည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now