Episode: 10

1.1K 159 172
                                    

မျက်ဝန်းစိမ်းပိုင်ရှင် Alphaအား ကိုယ်ရံတော်အဖြစ် ရွေးချယ်လိုက်သည်ဟူသော သတင်းသည် နန်းတွင်းအမှုထမ်းတို့ကြား အတော်လေး လှုပ်ခတ်စေသည့် သတင်းပင် ဖြစ်သည်။ အရှင့်နန်းသက်တောက်လျှောက် အနီးကပ် ကိုယ်ရံတော်ဟူ၍ သတ်သတ်မှတ်မှတ်ထားခဲ့ခြင်း မရှိရာ ပထမဆုံး ခန့်အပ်သည့် ကိုယ်ရံတော်က Alphaတစ်ဦး ဖြစ်နေခြင်းမှာ ပို၍ အံ့အားသင့်စေပါသည်။ ဒါ့အပြင် နောက်ဆုံးရွေးချယ်စဥ်တွင် ကျိန်းသေပေါက် ပြုတ်ပြီဟု မှန်းထားခဲ့ကြသူမို့ ပို၍ အံ့ဩကြခြင်းပင်။

ထိုသို့ အံ့အားသင့်ရသူထဲတွင် အရှင့်၏ အနီးကပ်လူယုံဖြစ်သော သမားတော်မင်မှာတော့ ထိပ်ဆုံးပင်။

"အရှင်!"

"အယ် သမားတော်မင်။ ကိုယ်တော် ခင်ဗျားကို မခေါ်ထားမိဘူးထင်တယ်"

အသက်ရှူနှုန်းများ မြန်ဆန်နေပုံအရ သိချင်ဇောဖြင့် အလျင်အမြန်ပြေးလွှားလာဟန်ပါပင်။ တယ်လည်း အိဒ္ဓြေပျက်ပါကော။

"alphaတစ်ယောက်ကို ကိုယ်ရံတော်ခန့်လိုက်တယ်တဲ့လား အရှင်။ ကျနော်ကြားထားတာ သတင်းအမှားမဟုတ်လား"

အမောပင် မဖြေရသေးခင်မှာပင် လေလုံးမဆက်သည့် အသံဖြင့် အလျင်အမြန် မေးခွန်းထုတ်လေသော သမားတော်မင်။

"ဟုတ်တယ်လေ။ ကိုယ်တော့်ရဲ့ ကိုယ်ရံတော်အသစ်က alphaပဲ။ အဲ့ဒါ ဘာဖြစ်လို့လဲ သမားတော်မင်"

"မသိလို့ မေးနေတာလား အရှင်။ အရှင် ဆေးမသွင်းဖြစ်တော့ဘူးလေ။ alphaသူစိမ်းတစ်ယောက် အနားမှာရှိနေမယ်ဆို အကျိုးနည်းကုန်မှာပေါ့ အရှင်ရဲ့"

"စိတ်လျှော့ပါ သမားတော်မင်ရယ်။ ကိုယ်တော့်ဘာသာ ကြည့်လုပ်ပါမယ်။"

"အရှင်ရယ်။ ဘယ်လိုများ စိတ်မပူပဲနေနိုင်မှာလဲ။ မတော်လို့များ မသမာတဲ့ alphaသာဖြစ်ခဲ့မယ်ဆိုရင်---"

"သမားတော်မင်ရယ်။ ခင်ဗျားနှယ်လည်း အပူအပင်က များလိုက်တာ။ အဲ့လူက စိတ်ချရတာမို့ ကိုယ်တော်ခန့်လိုက်တာပါ"

"ဒါပေမယ့်လည်း အရှင်ရယ်--"

"ဟူး...အဲဒီalphaက ဝတ်ရုံပိုင်ရှင်ပဲ သမားတော်မင်။ ရပြီလား"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now