Episode:22

965 107 22
                                    

ညီလာခံ ခန်းမအတွင်း စောင့်ကြိုနေသည်က သံတမန်ဖြစ်ဟန်တူပုံပေါ်သည့် လူလတ်ပိုင်းအရွယ်တစ်ဦးနှင့် အမှုထမ်းအချို့ပင်။ သူ့အား တိုင်းပြည်အရှင်မှန်းသိသည်ကြောင့် ဂါရဝပြုနှုတ်ဆက်ကြသည့်တိုင် ထိုသံတမန်ဖြစ်ဟန်တူသူက သူ့အား စေ့စေ့ကြည့်ကာနေသည်ကြောင့် ထူးဆန်းသည့် ခံစားချက်ပင်ဖြစ်ပေါ်သည်။

"ဘယ်လိုမျိုး ဆက်စပ်မိပြီး ရောက်လာမှန်း မသိပေမယ့် Eldoraကနေ ကြိုဆိုပါတယ်။ ကိုယ်တော်က အုပ်ချုပ်သူ အရှင်ဂျွန်ပါ"

ဘယ်က ဘယ်လိုဆက်စပ်ကာ ရောက်လာမှန်းမသိသည့် ထိုသူတို့၏ ရည်ရွယ်ချက်အမှန်ကို သိဖို့ လုပ်ရမည်လေ။

"တွေ့ရတာ ဝမ်းမြောက်မိပါတယ် အရှင်။ အခုမှပဲ Eldoraအရှင်ကို သေချာ မြင်ဖူးပါတော့တယ်။ သတင်းကြားထားသလို အရှိန်အဝါကြီးမားပြီး ချောမောတာပါပဲ။"

သံတမန် ဖြစ်ဟန်တူသည့် ထိုသူက ကြိုဆိုရန် ကမ်းလှမ်းသည့် လက်အား ရုတ်ချည်းဆိုသလို ဆုပ်ကိုင်ကာ နှုတ်ဆက်လာသည်မို့ ရုတ်တရက် ရုန်းလိုက်မိသည်။ ယဥ်ကျေးမှု မတူ၍ပင်လား အတင့်ရဲလွန်းသည်ဟု ခံစားလိုက်ရသည်။

"စိုးရွံမိပါတယ် အရှင်။ ဒါက ကျုပ်တို့ တိုင်းပြည်ရဲ့ နှုတ်ဆက်နည်းမို့ သတိလက်လွတ်ဖြစ်သွားခဲ့လို့ပါ။ တိုင်းပြည် ယဥ်ကျေးမှုကွာခြားတာကို မေ့သွားခဲ့လို့ပါအရှင်"

စိတ်ထဲ ခုသွားသော်လည်း သံတမန်ရေးအရ မကောင်းတတ်သည်ကြောင့် အပြုံးတုတခုဖြင့်သာ တုံ့ပြန်ကာ

" ရပါတယ်။ ကိုယ်တော်တို့ဆီမှာကျ သူစိမ်းတယောက်ရဲ့ အသားကို ခွင့်ပြုချက်မရှိပဲ ထိတာမျိုးမရှိတော့ အထူးအဆန်းဖြစ်သွားလို့ပါ။ ယဥ်ကျေးမှုချင်း ကွာတာနေပါလိမ့်မယ်။ ထိုင်ပါ သံအမတ်ကြီး"

သူ့စကားနောက် သံတမန်ဖြစ်သူ၏ မျက်နှာ မချိုမချဥ်ဖြစ်သွားသည်ကို မြင်လိုက်ရသေးသည်။ မတတ်နိုင်ပါလေ။ စတွေ့ကတည်းက ရဲတင်းလှသည့် တဖက် သံတမန်၏ အပြုအမူတို့အား သဘောမကျသည်က အမှန်ပင်လေ။

"အဆက်အဆံမရှိတာ ကြာပြီဖြစ်တဲ့ အဲ့ဒီဘက်က ကိုယ်တော်တို့ တိုင်းပြည်ကို အခုလို ကမ်းလှမ်းလာတာ ဘာရည်ရွယ်ချက်များလဲ"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now