Episode: 1

2.4K 193 102
                                    

Eldora

ပြန့်ပြူးသော လွင်ပြင်ကျယ်ကြီးတွင် တည်ရှိသော တိုင်းပြည်။ သို့မဟုတ် ​မြို့​ပြနိုင်ငံငယ်တစ်ခု။ မြေဆီလွှာကောင်းသည့် ​ဒေသဖြစ်သည်ကြောင့် စိမ်းစိုသော သစ်ပင်တို့နှင့် အရောင်အသွေးစုံသော ပန်းမာန်များကိုလည်း နေရာမလပ်ပင် တွေ့နိုင်လေသည်။

မြောက်ဘက်အစွန်ဆုံးတွင် နန်းတော်, အနောက်ဘက်နှင့် တောင်ဘက်တွင် ဈေးနှင့် လူနေအိမ်များရှိသည့်အပြင် အရှေ့ဘက်တွင်တော့ ထူထဲသည့် မိုးမခတောကြီး က ကာရံလျက်ရှိသည်။ ထိုမိုးမခတောကြီး၏အလွန်တွင်တော့ သဘာဝအလျောက် အကာအကွယ်ပေးထားသော  ကျောက်ဆောင်များရှိသည်မို့ ပြင်ပရန်များမှ အကာအကွယ်ကောင်းကိုလည်း ရရှိသည်။ အကယ်၍ စစ်မက်အရိပ်အယောင်ရှိလျှင်တောင် သူတို့က တစ်ပန်းသာသည်လေ။

အဆမတန်ကြီးမားသည့် တိုင်းပြည်မဟုတ်သော်ငြား သာယာဝပြောကာ နေရာကောင်းဖြစ်သည်မို့ လိုချင်မျက်စိတို့ကလည်း အလွန်များပြားပါသည်။ သို့သော်လည်း သဘာဝ၏ အကာအကွယ်တို့အပြင် အရည်အချင်းပြည့်ဝကာ သွေးအေးရက်စက်သည်ဟု အမည်တွင်သော Eldoraအရှင်ကြောင့် တော်ရုံလူက ကျူးကျော်ရန် စိတ်မကူးရဲကပေ။

ပြည်ပရန်မဆိုထားနှင့်။ တိုင်းပြည်အတွင်း မသတီဖွယ် ဒုစရိုက်အမှုပြုသူကိုပင် သက်ညှာမှုမထား အပြစ်ပေးတတ်သူမို့ Eldoraအရှင်သည် ဩဇာကြီးမား၍ သွေးအေးမှုဖြင့် ကျော်ဇောခြင်းဖြစ်သည်။

ယခုလည်း Eldoraနန်းရင်ပြင်မှ မကြားဝံ့စရာ အော်သံနက်တို့ ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းဖြင့် အရှင်၏ အပြစ်ပေးခြင်းက စတင်နေပြီဆိုသည်ကို ကောက်ချက်ချနိုင်လေသည်။

ထိုင်ခုံပေါ်တွင် တုပ်နှောင်ခံကာ အပြစ်ခံယူနေရသော အပြစ်သား Alpha၏ အသံနက်ကြီးက စူးစူးဝါးဝါးပင် ထွက်ပေါ်လာသည်မှာ ကြည့်နေသူများပင် ကြက်သီးထရသည်အထိ။

သို့သော်လည်း အပြစ်သား၏ တည့်တည့်တွင်ထိုင်နေသော Eldoraအရှင်သည်တော့ မျက်နှာတစ်ချက်ပင် ပျက်ယွင်းခြင်းမရှိပဲ နှုတ်ခမ်းပါးတို့အား ခပ်တင်းတင်းစေ့ထားရင်းပင် အပြစ်ပေး​ခြင်းအား ရှုစားလေသည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now