Episode: 6

1.1K 175 120
                                    

"လာဗင်ဒါ!"

ရဲမက်များနှင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသူဟာ ရက်သတ္တပတ်တို့ကြာသည်အထိ သူ့အား စိတ်အနှောင့်အယှက်ပေးနေခဲ့သူ မိုးမခတောမှ လူထူဆန်း alphaမှန်း သိလျှင်သိခြင်း ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မျက်စိလျင်လွန်းသော ထိုalphaကို ရှောင်ရှားရန် မမှီလိုက်သည်ကြောင့် ခပ်ကျယ်ကျယ် လှမ်းခေါ်လိုက်သော အသံဩဩက ခြေလှမ်းများ တန့်သွားစေသည်အထိ အလန့်တကြားဖြစ်စေလေသည်။

"လာဗင်ဒါ! ကျုပ်ကို မမှတ်မိဘူးလား?? လာဗင်ဒါ!"

ဟန်မပျက်ပင် ထိုနေရာမှ ထွက်သွားဖို့ ပြင်ပါသော်လည်း သူ့ကို ဦးတည်ကာ ခေါ်နေသော ထို alphaကြောင့် ရဲမက်တို့ပါ ရုတ်ရုတ်သဲသဲဖြင့် သတိထားမိလာလေကာ အနားသို့ရောက်လာလေတော့သည်။

"တဆိတ်လောက် ဒီလူနဲ့ အသိများလား"

သရုပ်မှန်မပေါ်စေရန် ခေါင်းကိုသာ ခါ၍ အမြန်သွားရန်ပြင်သော်လည်း ထိုရဲမက်က မင်္သကာသေးဟန် ဆက်၍ တားဆီးသည်။ ခေါင်းပါလုံခြုံသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ မျက်နှာကိုလည်း တဝက်အုပ်ထားပြီး ရုပ်ဖျက်ထားသည်မို့ ရဲမက်တို့မှာ မင်္သကာစွာ စစ်ဆေးခံနေရသည့် သူသည် Eldoraအရှင်မှန်းတော့ မသိကြပါလေ။

"မျက်နှာ စစ်ဆေး ကြည့်လို့ရမလား"

အနားသို့ ပို၍ တိုးကပ်လာကာ မျက်နှာ စစ်ဆေးရန် ပြင်လေတော့ တဖက်သို့ လှည့်ကာ ရှောင်တိမ်းလိုက်သည်။ ထိုအချင်းအရာကို အလိုမကျဟန်ရှိသော ရဲမက်က ခြုံထားသော ဝတ်ရုံကိုပါ ဆွဲရန်ပြုလေတော့ အရှင့် ဒေါသစိတ်က ထောင်းခနဲထလာလေတော့သည်။ ခွင့်ပြုချက်မရှိပဲနဲ့များ ရာရာစစ ထိရဲတယ်တဲ့လားလေ။

ထို့ကြောင့် ဖုံးအုပ်ထားသည့် ဝတ်ရုံကြားထဲမှ စူးစူးရဲရဲ ပြန်ကြည့်လိုက်သော်လည်း မျက်နှာဖုံးအုပ်ထားသည်ကြောင့် မမှတ်မိလေသော ထိုရဲမက်က ပို၍ ဒေါသထွက်ကာ အားဖြင့် ဝတ်ရုံကို ဆောင့်ဆွဲလိုက်လေတော့သည်။ သေချာသည်ကတော့ ထိုရဲမက်ဟာ အမှားကြီးကို လုပ်မိလေပါပြီ။

"အ-အရှင်..."

မြေကြီးပေါ်သို့ ပုံကျသွားသည့် ဝတ်ရုံနှင့် ထိတ်လန့်သွေးပျက်သွားလေသော ရဲမက်၏ မျက်နှာသည် အခြားရဲမက်များနှင့် မျက်လုံးစိမ်းများပိုင်ရှင် alphaကိုပါ စူးစမ်းလိုစိတ်ပြင်းပျစေသည်ကြောင့် ဝတ်ရုံပိုင်ရှင်ကို လှမ်း၍ ကြည့်မိကြလေတော့ ကျန်ရှိသည့် ရဲမက်များမှာလည်း အသည်းအသန် ဦးညွတ်ဂါရဝပြုရလေတော့သည်။ မျက်ဝန်းစိမ်းပိုင်ရှင် Alphaမှာတော့ ရုတ်ချည်းပြောင်းလဲသွားသည့် အနေအထားကြောင့် ခပ်ကြောင်ကြောင်သာ ကြည့်နေမိ​လေသည်။

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now