Episode: 4

1.1K 167 34
                                    

"အဆင်ပြေရဲ့လား လာဗင်ဒါ"

သေချာပါပြီ။ ထိုလူစိမ်းဟာ heatဖြစ်နေတဲ့ သူ့အား အခွင့်အရေးယူဖို့ ကြိုးစားနေသည်ကိုး။

ဓားမြှောင်ကို ကိုင်ထားရင်း အမှောင်ထဲ၌ပင် လျင်မြန်စွာ လှုပ်ရှားမိတော့ ထိုလူစိမ်းကလည်း ပါးနပ်စွာရှောင်ရှားသည်မို့ ပို၍ အသည်းပေါက်ရသည်။ heatဖြစ်နေသော omegaဆိုပြီး သူ့အား အထင်သေးနေခြင်းပင် မဟုတ်လား

လရောင်ပျပျသာရှိသည့်ကြောင့် မျက်နှာပင် သဲကွဲအောင် မမြင်ရချိန်တွင် ဓားတစ်ချောင်းဖြင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်မှာ အန္တရာယ်များလှသော်လည်း သူဒီအတိုင်းတော့ ငြိမ်မနေနိုင်ပါ။ heatကြောင့် သာမန်ထက် အားနည်းနေပါသော်လည်း တတ်နိုင်သမျှတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရမည်ဖြစ်သလို သူ့ကို အထင်သေးသည့် ဒီလူကိုလည်း ဒီအတိုင်း လွှတ်မထားနိုင်ပါလေ။

"ဟာ။ စိတ်ထိန်းပါဦး လာဗင်ဒါရဲ့။ ကျုပ်က အန္တရာယ်ပြုမယ့်သူ မဟုတ် အာ့--"

မှောင်မည်းနေသော်လည်း သူ၏ဓားချက်က ထိုလူစိမ်း၏ ကိုယ်ခန္ဓာ တစ်နေရာကိုတော့ ထိမိကြောင်း သူခံစားမိသည်။ ဓားမြှောင်နှင့် ရှပ်ထိသည်ကြောင့် အသက်အန္တရာယ်တော့ မရှိသော်လည်း အနည်းဆုံးတော့ သူ့အား အထင်သေးတော့မည်တော့ မဟုတ်ပေ။

သို့သော် အငိုက်မိနေစဥ်မှာပင် သူ့လက်ကောက်ဝတ်နှစ်ဖက်အား အတင်းချုပ်ကိုင်လာသော ထိုလူစိမ်းကြောင့် လက်ထဲမှ ဓားမြှောင် ပြုတ်ကျသွားလေတော့သည်။ သာမန်ဆို အသာလေး ရုန်းနိုင်သော်လည်း heatကြောင့် အားလျော့နေသည်က တဖက်သူအား အခွင့်အလမ်းသာစေလေသည်။

"လွှတ်စမ်း! "

"စိတ်ထိန်းပါဦး။ ကျုပ်က မင်းကို အန္တရာယ်ပြုမယ့်သူ မဟုတ်ပါဘူး။ အနံ့တွေ တအားပြင်းနေတဲ့အတွက် အန္တရာယ်တစ်ခုခု​ဖြစ်နေလားလို့ လာကြည့်တာပါ"

သာမန်omegaနှင့် alphaများ တော်ရုံ အနံ့မခံနိုင်စေရန် အနံ့ဝှက်ဆေးကို သုံးထားသည်တောင် သူ့အနံ့ကို ခံစားမိသည့် ထိုသူက သာမန်လူကော ဟုတ်ရဲ့လား။

"ခင်ဗျားက alphaလား"

"ဟုတ်ပါတယ်။ ဒါပေမယ့် alphaဆိုတိုင်း အသိစိတ်လွတ်ပြီး ထင်ရာစိုင်းတတ်တဲ့ကောင်မျိုး မဟုတ်တာမို့ ကျုပ်မင်းကို အန္တရာယ်မပြုပါဘူး။ ခုလည်း တကယ် အဆင်ပြေမနေတဲ့ပုံပေါ်လို့ လာကြည့်တာပါ"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now