Episode 23

905 116 68
                                    

သင်းကွဲအုပ်စု တည်နေရာနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လွင်ပြင်ကျယ်တွင် ထိုင်ရင်း အတွေးနယ်ချဲ့နေမိသည်။ သည်ရက်ပိုင်းအတွင်း သူ့စိတ်ထဲရှိသည့် အကြောင်းအရာက ဒွိဟဖြစ်ရသည့် ဆုံးဖြတ်ချက်တို့သာဖြစ်သည်လေ။

ဘာကြောင့်များ အကြောင်းတိုက်ဆိုင်စွာ အရှင်သည် ထိုသူ၏ မျိုးဆက်ဖြစ်နေရသည်လဲ။ သူကရော ဘာကြောင့်များ ထိုလူယုတ်မာ၏ မျိုးဆက်နှင့်မှ မေတ္တာမျှမိသည်လဲ။ အိုဝမ်၏ ခနဲ့စကားက အရှိုက်ထိသယောင် ခံစားရသည်​ကြောင့် ခံပြင်းလှပါသည်။

မယ်မယ့်ဘက်ကိုသာ ကြည့်လျှင် သွေးဆူလောက်သည့် အတိတ်တို့ပင် ဖြစ်လင့်ကစား သနားစဖွယ် အရှင်ကိုလည်း သူမစွန့်ပစ်ရက်ပါ။ တကယ်တမ်း အရှင့်အား သစ္စာဖောက်လိုလျှင် သူကအခြားသူများထက်ပင် လွယ်ကူသေးသည်လေ။

သို့သော်လည်း ခရမ်းစွဲရောင် မျက်ဝန်းဝိုင်းလေးများအား မြင်ယောင်မိသည့် အချိန်တိုင်း အားနာစိတ်ဖြစ်ပေါ်သည်။ သူသည် အရှင့်အား ကာကွယ်ပေးမည်၊ အရှင့်အာဏာစက် တည်မြဲအောင် ကူညီပေးမည်ဟူသော ကတိဖြင့် အရှင့်အနားရောက်လာခဲ့သည့်တိုင် လက်တွေ့သည်တော့ သူ့အား စကားမတည်သူဖြစ်အောင် တွန်းပို့နေသယောင်ယောင်ပါပင်။

စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်များကို ထိုးဖွလိုက်ကာ လေပူအချို့ မှုတ်ထုတ်လိုက်မိသည်။ ယခုလို စိတ်ရှုပ်ထွေးနေရချိန် အရှင့်ကို တွေ့လည်း တွေ့ချင်သလို မတွေ့လည်း မတွေ့ချင်ပါ။ အရှင့် မျက်ဝန်းလေးများသည် သူ၏ အဓိကပျော့ကွက်မို့ မမျှော်လင့်ပဲ အရာအားလုံး ဝန်ခံမိကာ မျိုးနွယ်တစုလုံး တသီတတန်းကြီး ဒုက္ခရောက်သွားနိုင်သည်ပင် မဟုတ်လား

သို့သော်လည်း ဦးလေးပတ်ခ်၏ အစီအစဥ်ကိုလည်း သူသဘောမတွေ့ပါ။ အပြစ်လုပ်ခဲ့သည်ဆိုလျှင်တောင် အပြစ်လုပ်ခဲ့သူက အရင်မင်းကြီးပင် မဟုတ်လား။ အရှင်ဟာ ခမည်းတော်ဖြစ်သူ၏ ယုတ်မာမှုတို့ကို သိခဲ့သည်မှ မဟုတ်ပဲ... အရှင့်ကိုတော့ မသက်ရောက်သင့်ဟု သုံးသပ်မိသည်။

*အကြာကြီးတွေဝေနေလို့လည်း မဖြစ်ဘူး.. ငါဘာလုပ်သင့်လဲ.. ဘာလုပ်ရမလဲ*

You've reached the end of published parts.

⏰ Last updated: Jan 29 ⏰

Add this story to your Library to get notified about new parts!

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now