1

44.3K 1.4K 7
                                    

အမုန်းခ အချစ်ခြွေ

အခန်း ( ၁ )

" ငါ့ဒီဇိုင်း ဘယ်လိုလဲ ၊ အိုကေရဲ့လား "

မိုးရိပ်က ရှပ်အဖြူလက်ရှည်နှင့် စတိုင်ဘောင်းဘီအနက်ကို တွဲဖက်ဝတ်ဆင်ထား၏ ။ တကယ်တော့ သည်အဝတ်အစားတွေက တိမ်ယံ စီစဉ်ပေးထားတွေဖြစ်သည် ။ သူ ပုံမှန်ဝတ်နေကျ ပေါ့ပေါ့ပါးပါး ပုံစံနှင့် ကွဲထွက်နေတာကြောင့် ကိုယ့်အမြင်မှာလည်း အထူးအဆန်းဖြစ်နေပြီး ကိုယ်လုံးပေါ် မှန်ထဲ ဟိုလှည့်သည်လှည့်နှင့် ကြည့်နေမိသည် ။

တိမ်ယံက မိုးရိပ်ကို ခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်ရှုပြီးမှ ဖြေသည် ။

" အင်း...လုံးဝအိုကေတယ် ။ ခေါင်းဖြီးလိုက်ဦး "

မိုးရိပ် ခေါင်းညိတ်လိုက်ပြီး ခပ်တိုတို ဆံပင်လေးတွေကို ဖြီးသင်လိုက်၏ ။ အရင်ကလို တီရှပ် ၊ ဘောင်းဘီတို ဖြစ်သလို ဝတ်ဆင်ထားသည်နှင့် ကွဲထွက်နေပြီး စမတ်ကျကျနှင့် ကြည့်ကောင်းနေသည် ။ အရင်နှင့်မတူဘဲ ပြောင်းလဲသွားတာကို ကျေနပ်မိပေမယ့်လည်း ရင်ထဲမှာ ပူလောင်နေရသည်။

" ဖြစ်ပါ့မလား တိမ်ယံ "

"မင်း ဘာဖြစ်နေတာလဲကွာ ။ ဘာလို့မဖြစ်ရမှာလဲ ။ မင်းက ဒီလောက်ကြည့်ကောင်းနေတာ ၊ မင်းကို မြင်တာနဲ့ ကြွေဆင်းသွားမှာ သေချာတယ် "

"ငါ..."
မိုးရိပ် စကားဆက်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည်။

" မင်း စိတ်ပူမနေနဲ့ မိုးရိပ် ။ မင်း အမေနဲ့ မင်း ညီ အတွက်ဆိုတာလည်း မမေ့နဲ့ဦး "

မိုးရိပ်သည် စိုးရိမ်စိတ်တွေဖြစ်နေရာမှ အမေနှင့် ညီညီ့ကို သတိရသွားသည်။ သူ ဆယ်တန်းဖြေပြီးမကြာခင်မှာဘဲ အဖေဆုံးပါးသွားတာကြောင့် အမေက မနက်ဆို စျေးမှာ ဟင်းသီးဟင်းရွက်ရောင်းပြီး နေ့လည်ကနေ ညနက်သည်ထိ အထည်တွေကို မနားတမ်း ချုပ်လုပ်သည် ။ ထိုသို့ ပင်ပင်ပန်းပန်း ရှာဖွေပြီး ရသည့် ငွေနှင့် ညီညီ နှင့် သူ့ကို ကျောင်းဆက်တက်စေခဲ့သည်။ သူ နှင့် ညီညီတို့ အမေ့အလုပ်ကို ကူပေးလျှင်လည်း အမေက မကြိုက်ချင် ။ စာကြိုးစားဖို့သာ တိုက်တွန်းတတ်သည် ။ မိန်းမသားတန်မဲ့ တစ်ယောက်တည်း ရုန်းကန်နေသော အမေ ၊ ကြာတော့ ကျန်းမာရေးထိခိုက်ပြီး အိပ်ရာထဲ လဲနေတော့သည် ။ ယခုလို အခြေအနေကြောင့် မိုးရိပ်မှာ ငွေလိုအပ်နေပြီး မှားယွင်းသော ရွေးချယ်မှုတစ်ခု လုပ်ရပေတော့မည် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now