24

9.2K 559 4
                                    

အခန်း ( ၂၄ )

နေခစားကို ထားရစ်ကာ မိုးရိပ် ထွက်လာစဉ်က လက်ထဲမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပါ ။ မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်ရင်း ဘယ်လိုကျော်ဖြတ်ရမည်ကိုတွေးကာ သူ ကျောက်ရုပ်လို မလှုပ်မယှက် ရပ်နေခဲ့သည် ။ ထိုစဉ် စက်လှေတစ်စီးပေါ် လူနာထမ်းတင်ကာ ထွက်ခွာရန်ပြင်တော့ မိုးရိပ် အသည်းအသန် ခွင့်တောင်းကာ လိုက်ခဲ့သည် ။ မနက်ဝေလီဝေလင်း၌ ရန်ကုန်ရောက်သော် မိုးရိပ်၏ အိမ်ရှိရာသို့ ဦးတည် သွားခဲ့ပေမယ့် အိမ်ငှားအသစ်တွေက ဆီးကြိုနေခဲ့၏ ။ ဘေးအိမ်က အန်တီ့ဆီ ဝင်၍ မေးမြန်းမှ လရောင်ကို ဦးမင်းမြတ် ခေါ်ထားမှန်း သိလိုက်ရသည် ။

မိုးရိပ် စိတ်ရှိတိုင်း သွားဆွဲခေါ်ချင်ပါသော်လည်း မိမိ အခြေအနေက ကိုယ်တစ်ယောက်စာအတွက်တောင် နပ်မှန်ဖို့ မဖြစ်နိုင် ။ အန်တီ့ကို သူရောက်လာကြောင်း ဘယ်သူမှ မပြောဖို့မှာခဲ့ပြီး မေမေ့ ခန္ဓာကိုယ် မြှပ်နှံထားသော သင်္ချိုင်းသို့ သွားခဲ့သည် ။ မေမေ့ကို မျက်ရည်တွေနှင့် နှုတ်ဆက်ကာ တောင်းပန်စကားဆိုခဲ့ပြီးနောက် အလုပ်တစ်ခုရှာရန် ထွက်ခဲ့သည် ။ နည်းနည်း အဆင်ပြေမှ လရောင်ကို သူ ပြန်ခေါ်တော့မည် ။

မိုးရိပ် မြန်မာ့ရိုးရာစားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်ရပြီး နေစားငြိမ်းဖြင့် အလုပ်ဝင်ခဲ့သည် ။ အားလပ်ရက်တွေတောင် အပြင်မထွက်ဖြစ်ဘဲ သူ့ဘဝကို အလုပ်ထဲမှာပဲ မြှပ်နှံခဲ့သည် ။ အဆင်ပြေသည်နှင့် လရောင်ကို ခေါ်မည်ဟု ရည်ရွယ်ခဲ့ပါသော်လည်း နှစ်လလောက်အကြာ သူ အလုပ်လုပ်နေရင်း မေ့လဲသွားခဲ့သည် ။

သူဌေးဖြစ်သူ ကိုခန့်ရှိုင်းက သူ့ကို အထူးကုဆေးခန်းသို့ လိုက်ပို့ပေးခဲ့ပြီး ပြန်သတိရလာချိန်မှာ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုက ဆီးကြိုနေခဲ့သည် ။

သူ့​မှာ ကိုယ်ဝန်ရှိနေပြီး မွေးကတည်းက သားအိမ်ပါလာခဲ့သည်တဲ့လေ ။ ဆရာဝန် ပြောတာတွေ မိုးရိပ် နားထဲ ကြားတစ်ချက် မကြားတစ်ချက်ပါပဲ ။ အရမ်းကို တုန်လှုပ်နေမိတာ ။ ထူးထူးဆန်းဆန်း ဖြစ်ရပ်မျိုးက သူ့ဆီမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာရသတဲ့လား ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now