28

10.5K 572 10
                                    

အခန်း ( ၂၈ )

"ဟုတ်တယ် ။ ဦးနဲ့ ကျွန်တော် ချစ်နေကြပြီ ။ ကျွန်တော် ဒီမှာပဲ ဆက်နေပါရစေ ။ ကိုကိုလည်း ကိုနေခစားနဲ့ အတူနေမှာပဲမဟုတ်လား ။ ကျွန်တော် ကိုကို့ဆီ မကြာခဏလာလည်မှာပါ "

မိုးရိပ်သည် လရောင်၏ စကားကြောင့် မျက်လုံးအပြူးသားနှင့် အံ့သြဆွံ့အသွားရသည် ။

"မင်း တကယ်ပဲ ပြန်မလိုက်ဘူးဆိုတာ သေချာလား "

"အင်း..."

မိုးရိပ် ထပ်မေးတော့ လရောင်က မိုးစက်လေးကို တင်းတင်းဖက်ထားပြီး ခေါင်းညိတ်၍ ဆိုသည် ။ မိုးရိပ်သည် လရောင်နှင့် ဦးမင်းမြတ်ကို တလှည့်စီ ကြည့်ရင်း စိတ်တိုလာရသည် ။ ထို့ကြောင့် လရောင်ချီထားသည့် မိုးစက်လေးကို ဆတ်ခနဲ ဆွဲယူပြီး အိမ်ထဲမှ ထွက်ခဲ့၏ ။

"ကျွန်တော် သွားတော့မယ် လေးလေး ။ သွားပြီး လရောင် "

နေခစားက နှုတ်ဆက်ပြီး မိုးရိပ် နောက်ကို အမှီလိုက်ရတော့သည် ။

****

"မင်း ဘာလို့ပေါက်ကရတွေလျှောက်ပြောရတာလဲ လရောင် "

ခုန စကားတွေဖောဖောသီသီ ပြောနေခဲ့သော လရောင်က ခုတော့ သူမဟုတ်သလို ခေါင်းကိုတွင်တွင်ငုံ့ထား၏ ။ ဦးမင်းမြတ်က လရောင်နှင့် မျက်နှာချင်းဆိုင်ရပ်ရင်း မေးလိုက်သည် ။

"အဲ့ဒီလိုမှ မဟုတ်ရင် ကိုကိုနဲ့ လိုက်သွားရတော့မှာလေ ။ ကျွန်တော်မှ ဦးနဲ့ မခွဲနိုင်တာ "

လရောင်က မဝံ့မရဲ အကြည့်တွေနှင့် တိုးလျလျ ဆိုလာသည် ။ ဦးမင်းမြတ်မှာ ပြောဖို့ စကားပင် ပျောက်ရှသွားရသည်အထိ ရင်ခုန်သံမြန်ဆန်သွားရသည် ။

"မိုးရိပ်က မင်းရဲ့ တစ်ဦးတည်းသော မိသားစုဝင်လေ ။ မင်း ခုလိုပြောလိုက်တော့ သူ စိတ်မကောင်းဖြစ်သွားမှာပေါ့ "

"ကျွန်တော် သိပါတယ် ။ ကိုကိုနဲ့လည်း အဆက်အသွယ် ဖြတ်နေတာမှမဟုတ်တာ ။ ဦးနဲ့ အတူနေချင်လို့လေ ။ ဦးက ကိုကို့အတွက် တွေးပေးနေတုန်းဆိုတော့ ကိုကို့ကို ချစ်နေသေးတာလား "

လရောင်က နောက်ဆုံးစကားသံ၌ အသံတုန်ယင်နေသည် ။

"မဟုတ်ဘူး လရောင် ။ ကိုယ် မိုးရိပ်အပေါ် ဘာခံစားချက်မှမရှိတော့တာ ကြာပါပြီ ။ ခုပြောနေတာ မင်းအတွက် "

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now