8

10.4K 731 15
                                    

အခန်း ( ၈ )

ကြမ်းတမ်းပြင်းရှသော အနမ်းတွေက အထိန်းအကွတ်မဲ့စွာဖြင့် မိုးရိပ်၏ နှုတ်ခမ်းပါးလေးထက် ကျရောက်လာခဲ့သည် ။ မိုးရိပ်သည် အတင်းရုန်းကန်ကာ ငြင်းဆန်နေသော်လည်း နေခစားက အလျော့မပေးသည့်အပြင် ပို၍ တင်းကျပ်စွာ ပွေ့ဖက်လာပြီး အနမ်းတွေကို အရှိန်မြှင့်လိုက်သည် ။ နေခစား၏ လျှာကလည်း မိုးရိပ်၏ ခံတွင်းတစ်ခုလုံး နေရာလပ်မကျန် တိုးဝှေ့နေလေသည် ။ စက္ကန့်အနည်းအငယ်အကြာ နေခစားဘက်မှ အားအနည်းငယ်လျော့သွားချိန် မိုးရိပ်သည် သူ့ကို အားကုန်သုံးပြီး တွန်းထုတ်လိုက်ကာ မျက်နှာကို ဆွဲထိုးလိုက်သည် ။

ခွပ်!

"မင်း ! ဘာလို့ ငါ့ကို ထိုးရတာလဲ "

မိုးရိပ်သည် ဒေါသအရှိန်မသေသေးတာကြောင့် နေခစားကို ထပ်ထိုးကြိတ်ဖို့ ပြင်လိုက်သည်။ သို့သော် သည်တစ်ခါမှာတော့ မိုးရိပ်၏ လက်ကို သူက ဖမ်းဆုပ်ကိုင်ထားလိုက်သည် ။

"မင်းကို မေးနေတယ်လေ မိုးရိပ်ကင်း ။ ဘာကိစ္စ ငါ့ကို ထိုးရတာလဲ "

မိုးရိပ်၏ လက်ကို သူ့လက်ထဲက ဆတ်ခနဲ ရုန်းလိုက်သည် ။

"ဘာကြောင့် ဖြစ်ရမှာလဲ ။ ငါ့ကို ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်မျိုးလုပ်တဲ့ မင်းကို ရွံလို့ ။ မင်းကို မုန်းတယ် "

မိုးရိပ်သည် နေခစား၏အနားက လှည့်ထွက်လာခဲ့ပြီး မျက်ဝန်းအိမ်ထဲမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည် ။ မိုးရိပ်ကို အထင်အမြင်သေးကာ စိတ်ကြိုက်ပြုမှုသည့် သူ့ကို မုန်းသည် ။

×××××××××××××

"နေခစား ၊ ဟေ့ရောင် နေခစား "

"ဘာလဲ "

စိတ်နှင့်ကိုယ် မကပ်သည့် နေခစားကို ကြည့်ပြီး ရဲသွေးက သက်ပြင်းချသည်။

" မင်း အခုရက်ပိုင်း ဘာတွေဖြစ်နေတာလဲ ။ ရည်းစားပူမိနေတာလား "

အံ့သြသွားသလို တစ်ချက်ကြည့်ပြီး တိတ်ဆိတ်သွားသည့် နေခစားကြောင့် ရဲသွေး အံ့သြသွားရသည်။

"တကယ်ကြီးလားဟ ။ မင်း ရည်းစားရနေပြီလား "

"မဟုတ်ပါဘူးကွာ "

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now