23

9.2K 590 15
                                    

အခန်း ( ၂၃ )

မဟာကုမ္ပဏီအပေါ်ဆုံးထပ်ရှိ ရုံးခန်းထဲတွင် နေခစားသည် အပြင်ဘက်သို့ မျက်နှာမူရပ်ရင်း အကြောင်းမဲ့ ငေးကြည့်နေမိသည် ။

ဒေါက်...ဒေါက်

ထိုစဉ် တံခါးခေါက်သံ ပေါ်လာ၏ ။

"ဝင်ခဲ့ "

သူ့စကားအဆုံး တံခါးဖွင့်သံနှင့် အတူ လူရွယ်တစ်ယောက်ရုံးခန်းထဲသို့ ဝင်လာ၏ ။

"ဘာသတင်းထူးသေးလဲ တေဇ "

နေခစားက လှည့်မကြည့်ဘဲ မေးလိုက်သည် ။

"မထူးသေးဘူး ဘော့စ် "

တေဇ၏ ဖြေသံအဆုံး နေခစား၏ မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည် ။ သူ ကိုယ်ကိုလှည့်၍ တေဇနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး အေးစက်စက်အကြည့်တွေနှင့် ဆိုလိုက်သည် ။

"ဒီလောက်ငွေပုံအောပြီး ပေးနေတာတောင် အလုပ်တစ်ခုကို သေချာမလုပ်နိုင်ဘူးလား ။ ခင်ဗျားကို ကျွန်တော် ရှာခိုင်းထားတာ တစ်နှစ်ပြည့်တော့မယ်ဗျ ။ ခုထိ သူ့ အရိပ်အယောင်မမြင်ရသေးဘူး ။ ခင်ဗျား အလုပ်ကို ဘယ်လိုလုပ်နေတာလဲ တေဇ "

"တောင်းပန်ပါတယ် ဘော့စ် ၊ ကျွန်တော့်အသိစုံထောက်နဲ့ ရဲတွေရော ၊ တခြားလူပျောက်ရှာအေဂျင်စီတွေနဲ့ပါ ချိတ်ဆက်ပြီး တတ်နိုင်သမျှ လိုက်ရှာနေပါတယ် ။ ကျွန်တော့်ကို အချိန်နည်းနည်းထပ်ပေးပါ "

"ကောင်းပြီလေ ။ နောက်တစ်ခါတော့ ကျွန်တော် သတင်းထူးကြားချင်တယ် "

"ဟုတ်ကဲ့ပါ ဘော့စ် ။ ကျွန်တော့်ကို ခွင့်ပြုပါဦး "

တေဇက ခေါင်းညိတ်၍ အရိုအသေပေးပြီး နှုတ်ဆက်ကာ ရုံးခန်းထဲမှ ထွက်သွားသည် ။ တစ်ယောက်တည်း ရှိတော့မှ နေခစား သက်ပြင်းသဲ့သဲ့ချရင်း ဆိုဖာမှာ ထိုင်ချကာ မျက်နှာကြတ်ကို မော့ငေးကြည့်နေမိသည် ။

မိုးရိပ် သူ့ဘဝထဲမှ ထွက်သွားတာ သုံးနှစ်ကျော်လို့ လေးနှစ်နီးပါး ပြည့်တော့မည်ဖြစ်သည် ။ မိုးရိပ်က သူ့ကို တကယ်နာကြည်းသွားသည်ထင်၏ ။ စာတစ်စောင်တောင် ချန်မထားခဲ့ဘဲ
အခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့သည် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now