15

10.8K 623 1
                                    

အခန်း ( ၁၅ )

" မင်း ဘယ်သူလဲ"

" မိုးရိပ်! "

နေခစား ပါးစပ်အဟောင်းသားနှင့် အံ့သြပြီး ကျောက်ရုပ်လို ခေတ္တခဏငြိမ်သက်သွားရသည် ။ ထို့နောက် သတိပြန်ဝင်လာပြီး ဆရာဝန်ကို မြန်မြန် ပြေးခေါ်မိသည်။

ဆရာဝန် စမ်းသတ်စစ်ဆေးပြီးနောက် အခြေအနေမေးဖို့ နေခစားက ဆရာဝန်၏ အခန်းထဲကို ရောက်လာခဲ့သည်။

" ဒေါက်တာ မိုးရိပ် ဘာဖြစ်သွားတာလဲခင်ဗျာ "

" လူနာက ကားတိုက်မှုဖြစ်တုန်းက ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ် ။ အခု ပြန်သတိရပြီး ကျန်းမာလာပြီဆိုပေမယ့် မှတ်ဉာဏ်တွေ ယာယီပျောက်သွားတာပါ ။ ရှင်းရှင်း ပြောရရင် အတိတ်မေ့သွားတယ်ပေါ့ဗျာ "

"ဒါဆို ဘယ်တော့ ပြန်သတိရမှာလဲ ဒေါက်တာ "

"အဲ့ဒါကတော့ လူနာအခြေအပေါ် မူတည်တယ် ။ တစ်ချို့တွေဆို တစ်လလောက်နဲ့ သတိပြန်ရပြီး တစ်ချို့တွေကတော့ နှစ်တွေကြာမှ ပြန်သတိရတတ်တယ် ။ လူနာရဲ့ စိတ်အခြေအနေပြင်းထန်ရင်တော့ မြန်မြန်သတိရလာနိုင်ပါတယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

နေခစားသည် မိုးရိပ် အတိတ်မေ့သွားသည်က မိမိကြောင့်ဖြစ်ရတာဆိုတော့ စိတ်တော့မကောင်း ၊ ဒါပေမဲ့လည်း တစ်မျိုးတော့ကောင်းသည် ။ မိုးရိပ်က သူ့ကို မုန်းနေတယ်ဆိုတာ ခဏမေ့သွားသည့်အတွက် နောက်တစ်ကြိမ်ပြန်စလို့ရပြီပေါ့ ။ ဘုရားက သူ့ကို ပေးသည့် အခွင့်အရေးတစ်ခု​လို့ပဲ မှတ်ယူတော့မည် ။

မိုးရိပ်ကို တွေ့ရန် ဆေးရုံအခန်းတံခါးကို ဖွင့်ပြီးဝင်ဖို့ သူတွေဝေနေမိသည်။ ခဏကြာမှ တံခါးတွန်းဖွင့်ပြီး ဝင်တော့ မိုးရိပ်က ကုတင်ပေါ်မှာလှဲနေရာမှ သူ့ကို မြင်တော့ ထထိုင်ပြီး မျက်လုံးဝိုင်းလေးတွေနှင့် ကြည့်လာသည် ။

"မိုးရိပ် အဆင်ပြေရဲ့လား ။ ခေါင်းက ဒဏ်ရာရော နာနေသေးလား"

"ဟင့်အင်း"

မိုးရိပ် ခေါင်းခါမိသည်။ မိုးရိပ် သတိရတော့ စတွေ့ရ သည့် သူ ၊ သူ ထွက်သွားတော့ မိုးရိပ် အားငယ်နေမိတာ ယခု သူပြန်ရောက်လာသည်။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now