21

8.9K 519 12
                                    

အခန်း ( ၂၁ )

မိုးရိပ် စာအုပ်ဖတ်နေတုန်း ခြံတံခါးသံဗန်းကို ဆက်တိုက်ထုနေသည့်အသံကြောင့် အိမ်ထဲကမြန်မြန်ပြေးထွက်လာကာတံခါးဖွင့်လိုက်ရသည် ။

" ဘယ်သူလဲ"

တံခါးဖွင့်လိုက်သော် မိုးရိပ်နှင့်ရွယ်တူ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည် ။

" ငါ တိမ်ယံလေ ။ ငါ့ကိုတောင် မမှတ်မိတော့ဘူးလား မိုးရိပ်ကင်း "

" ဟင်! မင်းကငါ့နာမည်ကိုသိနေတယ်"

" အင်း... သိပ်သိတာပေါ့မိုးရိပ်ရဲ့ ။ ငါကမင်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းပဲလေ "

" ဟုတ်လား ၊ ငါ တောင်းပန်ပါတယ် ။  ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်း ဘာမှမမှတ်မိတော့လို့ "

" အဟွန်း...ကိစ္စမရှိပါဘူး ။ ငါ ပြန်မှတ်မိအောင်လုပ်ပေးမှာပေါ့ မိုးရိပ်ရဲ့ ။ ဒါနဲ့ အိမ်ထဲဝင်ဖို့မပြောတော့ဘူးလား"

" ဪ...ဆောရီး ၊ မေ့နေတာ ၊ လာလေ တိမ်ယံ ။ အိမ်ထဲဝင်"

မိုးရိပ်က တိမ်ယံ အိမ်ထဲသို့  ဝင်ရန် ကိုယ်ကို ရွေ့ပေးလိုက်သည် ။

" အင်း"

တိမ်ယံက မိုးရိပ်တို့ အိမ်ထဲ ဝင်လာပြီး ဧည့်ခန်းက ခုံမှာဝင်ထိုင်သည်။ မိုးရိပ်လည်း တိမ်ယံနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး စကားစလိုက်သည်  ။

" နေခစားက ငါ့ သူငယ်ချင်းအကြောင်းတွေလည်း မပြောဖူးဘူး"

" သူ မင်းကို မပြောတဲ့အကြောင်းတွေ အများကြီးရှိသေးတယ် မိုးရိပ် ။ မင်း သိအောင် ငါ ပြောပြရမလား"

" ဟို...နေခစားက ငါ့ကို ပြောပြထားပါတယ် ။ ငါက... "

မိုးရိပ်၏ စကားမဆုံးခင်မှာဘဲ တိမ်ယံက ဖြတ်ပြောလာသည် ။

" မိဘမရှိတဲ့ တစ်ကောင်ကြွက်လို့ ပြောခဲ့တာမဟုတ်လား"

" ဟင်! အင်း... ဟုတ်တယ် "

" အဲဒါ နေခစား လိမ်ပြောခဲ့တာ"

" ဘယ်လို! "

" နေခစား လိမ်ပြောခဲ့တယ်လို့ ပြောတာ ။ မင်းမှာ ညီလေးတစ်ယောက်ရှိတယ် ။ နောက်ပြီး မင်းရဲ့ အမေလည်း လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ဆုံးသွားခဲ့တာ"

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now