5

11.1K 736 14
                                    

အခန်း ( ၅ )

" မင်းလို လူမျိုးက သိပ်မုန်းစရာကောင်းတယ် ။ ငါ မင်းနဲ့ မပတ်သတ်ချင်ဘူး မိုးရိပ်ကင်း "

ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည့် နေခစား၏ နှုတ်ဖျားမှ စကားလုံးတွေသည် မိုးရိပ်၏ နားထဲ သံရည်ပူတွေ လောင်းချခံရသလိုပင် ။ ပူလောင်စွာ တိုးဝင်လာသည် ။

" ခင်ဗျားကို ဘာလုပ်မိလို့လဲ "

" အဲ့ဒီအတွက် အကြောင်းပြချက်မရှိဘူး ။ မင်းမို့လို့ ငါမုန်းတာ "

မိုးရိပ် ဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာဘဲ နေခစားက ဆိုင်ထဲမှ ထွက်သွားပြီဖြစ်သည် ။ ရဲသွေးလည်း နေခစား၏ အနောက်သို့ ပြေးလိုက်သွားသည်။

"မင်း အဆင်ပြေရဲ့လား "

"မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ တိမ်ယံ "

"ဘာကိုလဲ "

"ငါ့ကို မတိုင်ပင်ဘဲနဲ့ ဘာလို့ နေခစားနဲ့ မိတ်ဆက်ပေးရတာလဲ ။ နောက်ပြီး ငါက သူနဲ့ ရင်းနှီးချင်နေတယ်လို့ ဘာလို့ လျှောက်ပြောနေရတာလဲ "

တိမ်ယံ့လုပ်ရပ်တွေကို မိုးရိပ် နားမလည်နိုင်တာကြောင့် မေးမိသည် ။

"အဲ့ဒါ မင်းအတွက်လေ ။ ငါ လုပ်ပေးတာတွေက မင်းအတွက်ပဲ "

"ငါ့အတွက် ဟုတ်လား ။ ငါ့ကို သူအထင်သေးသွားပြီဆိုတာ မင်း သိရဲ့လား "

လက်ခံနိုင်စရာမရှိသည့် တိမ်ယံ့ အကြောင်းပြချက်ကြောင့် မိုးရိပ်၏ လေသံအနည်းငယ် မာသွားရသည် ။

" ငါ မင်းနဲ့ နေခစား ရင်းနှီးအောင်လို့ ရဲသွေးကို အကူအညီတောင်းပြီး တွေ့ပေးခဲ့တာ ။ ငါ့ကို မင်း အပြစ်တင်ရင်လည်း ခံရမှာပဲ ။ ငါ မလုပ်ခဲ့သင့်ဘူး
"

တိမ်ယံက မျက်နှာမကောင်းစွာနှင့် ခေါင်းငုံ့၍ ပြောလာသည် ။

"တိမ်ယံ "

ထို့​နောက် တိမ်ယံက ထွက်သွားဖို့ပြင်နေတာကြောင့် မိုးရိပ် လှမ်းခေါ်မိသည်။ တကယ်ဆို တိမ်ယံက မိုးရိပ်ကို ကူညီပေးခဲ့တာပဲ ။ နေခစား ပြောသွားသည့် ရင့်သီးသော စကားတွေကြောင့် မိုးရိပ် စိတ်ဆိုးဒေါသထွက်ပြီး တိမ်ယံ့ကို အပြစ်တင်နေမိခဲ့သည်။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now