3

12K 748 5
                                    

အခန်း ( ၃ )

မိုးရိပ် အိမ်ကို ပြန်ရောက်တော့ ဆယ့်တစ်နာရီပင် ထိုးပြီ ။ အိမ်တံခါးကို သေချာပိတ်နေတုန်း မေမေ့ အသံကြားလိုက်ရသည် ။

"သား ဒီနေ့ ပြန်လာတာ နောက်ကျလှချည်လား "

"ဟုတ်တယ် မေမေ ။  ဘတ်စ်ကားစောင့်နေရလို့ ။ မေမေ ခုထိ မအိပ်သေးဘူးလား "

မိုးရိပ် အလုပ်စဆင်းသည့်နေ့ထဲက သည်နေ့ထိတိုင် အလုပ်မှ ပြန်ရောက်မည့်အချိန်ထိ မေမေက အမြဲစောင့်ပေးသည် ။ မိုးရိပ်ကို ထမင်း၊ဟင်း ထည့်ကျွေးပြီးမှ အိပ်ရာဝင်လေ့ရှိသည်။

"သားကို စိတ်ပူလို့လေ ။ သား ပြန်လာတဲ့လမ်းမှာ တစ်ခုခုများ ဖြစ်မလားလို့တွေးမိပြီး စိုးရိမ်စိတ်နဲ့ အိပ်လို့မရပါဘူးကွယ် "

"မေမေရယ် ။ သား အရွယ်ရောက်နေပါပြီ ။  ဘာမှမဖြစ်ဘူး ။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ် "

"အေးပါကွယ် ။ လာ...ထမင်းစားရအောင် ။ ဗိုက်ဆာနေပြီမဟုတ်လား "

"ဟုတ် "

မေမေ ယခုရက်ပိုင်း ကျန်းမာရေး ​ ကောင်းလာတာကြောင့် မိုးရိပ် နည်းနည်းတော့ စိတ်သက်သာရာရမိသည်။

" ညီညီရော ၊ မေမေ "

"မင်းညီ ဒီအချိန်ဆို အိပ်ပျော်နေပြီပေါ့ "

"အဟင်း....ဟုတ်သားပဲ "

"သား "

"ဗျာ...မေမေ "

"အမေလည်း နေကောင်းနေပြီဆိုတော့ အလုပ်လေးပြန်စမလားလို့  "

"ဟာ မေမေကလည်း မလုပ်ပါနဲ့ဗျာ ။ သား အလုပ်ဆင်းနေပြီပဲ ။ မေမေ အေးအေးဆေးဆေးနားပါတော့ "

"အေးပါကွယ် ။ ငါ့သားလေး ပင်ပန်းနေမှာစိုးလို့ပါ "

"ရပါတယ် ။ သား အဆင်ပြေတယ် ။ မေမေသာ နေကောင်းအောင်ဂရုစိုက်ပါ "

"အေးပါကွယ် ။ မြန်မြန်စားတော့ ။ ဟင်းတွေအေးကုန်တော့မယ် "

"ဟုတ်ကဲ့ "

မိုးရိပ် ညစာစားပြီးနောက် စာနည်းနည်းပြန်ကြည့်ပြီးမှ အိပ်ရာဝင်သည်။ ဘေးမှာ အိပ်နေသည့် မေမေနှင့် ညီလေးကို ကြည့်ပြီး သက်ပြင်းချမိသည်။ သည်လို ဆင်းရဲသည့် အခြေအနေက လွတ်မြောက်ချင်သည် ။ ကြိုးစားရင်တစ်နေ့တော့ ဖြစ်လာမှာပါလေ။ မိုးရိပ် မျက်လုံးမှိတ်ပြီး အိပ်ပျော်အောင် ကြိုးစားတော့သည်။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now