14

9.9K 619 6
                                    

အခန်း ( ၁၄ )

" ဘာ ! မင်း ဘယ်သူလို့ပြောလိုက်တယ်"

ဒေါ်ဥမ္မာခင်သည် ကြည်ကြည်လင်လင် ကြားလိုက်ရသော်လည်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်ပြီး တိမ်ယံ့ကို ပြန်မေးမိသည်။

" မိုးရိပ်ကင်းလို့ ပြောလိုက်တာပါ"

" ငါ မယုံနိုင်ဘူး ။ ဘယ်လိုဖြစ်နိုင်မှာလဲ ။ မိုးရိပ်ကင်းက ငါ့မောင်နဲ့ လက်ထပ်တော့မှာလေ ။ နောက်ပြီး ငါ့သားလေးက ယောကျာ်းတစ်ယောက်ကို ခိုးပြေးသွားစရာလား ။ မဖြစ်နိုင်တာ"

" အန်တီ သိပ်မကြာခင် သေချာသိရမှာပါ ။ အန်တီ့မောင်လည်း သိနေပြီသားပါ ။ ကျွန်တော် အခုလာတာက မိုးရိပ်ကင်းက ဘယ်လိုလူစားဆိုတာ သိစေချင်လို့ ။ နောက်ပြီး သူအားလုံးကို အပြစ်ကင်းသလိုပုံစံနဲ့ ပြန်ပေါ်လာပြီး အရူးလုပ်တာမျိုး မဖြစ်စေချင်လို့ လာပြောပြတာပါ ။ ကျွန်တော် ပြောပြီးပြီဆိုတော့ ပြန်ခွင့်ပြုပါဦး"

မျက်နှာအကြီးအကျယ်ပျက်ပြီး တုန်လှုပ်နေသည့် နေခစား၏ အမေကို ကြည့်ပြီး တိမ်ယံ မဲ့ပြုံးပြုံးကာ ကျောခိုင်းထွက်လာခဲ့သည်။ သည်လောက်ဆိုရင် နည်းနည်းတော့ သူ ကျေနပ်နိုင်ပြီလေ ။မိုးရိပ်...မိုးရိပ် မင်းကို လွယ်လွယ်လွှတ်ပေးလို့ဘယ်ဖြစ်မလဲ ။

****

တိမ်ယံ ထွက်သွားတော့မှ ဒေါ်ဥမ္မာခင်သည် အင်အားကင်းမဲ့စွာ ခုံမှာ ထိုင်ချလိုက်ပြီး စိတ်ကို ခဏဖြေလျော့နေမိသည် ။ မိမိမောင်က ဂေးဟု ဝန်ခံတုန်းကတောင် လက်ခံနိုင်သေးသည် ။ သားဖြစ်သူကပါ ဦးလေးခြေရာ နင်းသည်က လက်ခံပေးဖို့ရာ ခက်လွန်း၏ ။ ထို့ပြင် မိုးရိပ်ကင်းလို အောက်တန်းစားနှင့် လုံးဝသဘောမတူနိုင် ။ ဒေါ်ဥမ္မာခင်သည် ဟန်းဖုန်းယူပြီး မင်းမြတ်ကို ခေါ်မိသည်။ အချိန်အတော်ကြာမှ ဖုန်းကိုင်လေသည်။

"ဟဲလို...မင်းမြတ်"

"အင်း....အစ်မ ဘာကိစ္စလဲ"

"ဘာကိစ္စရမှာလဲ ။ ငါ့ကို တိမ်ယံဆိုတဲ့ အကောင်လာပြောသွားတယ် ။ ငါ့သားနဲ့ မိုးရိပ်ကင်းတို့ ခိုးပြေးသွားကြပြီဆို "

"ဗျာ! ဟို...အဲဒါ"

"တကယ်ပဲလား...မင်းမြတ်"

"အစ်မ "

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now