16

9.9K 586 6
                                    

အခန်း ( ၁၆ )

"ဟင်!"

သဘတ်ကို ပစ်ချပြီး မိုးရိပ်၏ ခါးလေးကို ဆွဲဖက်လိုက်သည့် နေခစားကြောင့် မိုးရိပ် မျက်လုံးလေးဝိုင်း၍ လန့်ဖျပ်သွားရသည် ။ သူ့ရင်ဘတ်ကျယ်ကြီးကို လက်ကလေးဖြင့် တွန်းထားရင်း ထိကပ်နေသော သူ့ခန္ဓာကိုယ်အောက်ပိုင်းက မူမမှန်သော  တစ်စုံတစ်ရာကို ခံစားမိပြန်တော့ မိုးရိပ်၏ မျက်နှာလေး နီဆွေးသွားသည် ။

"မင်း ဘာလုပ်မလို့လဲ "

မိုးရိပ် မဝံ့မရဲ မော့ကြည့်ရင်း မေးလိုက်သည် ။ သူကတော့ မိုးရိပ်ကို မျက်တောင်မခတ်ဘဲ စေ့စေ့ကြည့်နေဆဲ ။ ထို့နောက် သူ့မျက်နှာက ငုံ့မိုးကျလာတော့ မိုးရိပ်မှာ အယောင်ယောင်အမှားမှားနှင့် မျက်ဝန်းတွေ တင်းတင်းမှိတ်ထားမိသည် ။

နဖူးပေါ်မှ နွေးထွေးသော အထိအတွေ့ ၊ ထိုမှမျက်ခွံ ၊ နှာခေါင်းထိပ်ဖျားသို့ တဆင့်ချင်းကျရောက်လာသည် ။ မိုးရိပ်ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲနှင့် ရင်ခုန်သံက တဒိတ်ဒိတ် ။ ပါးပြင်ထက် စက္ကန့်အနည်းငယ်ကြာသည်အထိ ဖိကပ်နမ်းရှိုက်ပြီး ခပ်တိုးတိုးပြောလာသည့် နေခစား၏ စကားအကြား မိုးရိပ် ရင်ထဲ သိမ့်ခနဲ ။

"ချစ်တယ် မိုးရိပ်လေး"

ထို့နောက် မိုးရိပ်၏ နှုတ်ခမ်းလေးကို ညင်သာစွာ စုပ်ယူနမ်းရှိုက်လေ၏ ။ ထိုမှတဆင့် လျှာကပါ ပါးစပ်ထဲ တိုးဝင်ရစ်ပတ်စုပ်ယူကာ တဖြည်းဖြည်းနှင့် သူ့ အနမ်းတွေက ကြမ်းတမ်းလာ၏ ။ မိုးရိပ်မှာတော့ သူ့အနမ်းတွေကြောင့် တစ်ကိုယ်လုံး တုန်ယင်ပြီး သူ့ရင်ခွင်ထဲ အလဲလဲအပြိုပြိုနှင့် အသက်ရှူဖို့တောင် မေ့လျော့သည်အထိ ။

ခဏအကြာ သူက မိုးရိပ်၏ နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်သော် လည်တိုင်ကျော့ကျော့လေးကို စုပ်ယူနမ်းရှိုက်ပြန်၏ ။

မိုးရိပ်မှာ အသက်ကို အလုအယက် ရှူရှိုက်နေတုန်း နေခစား၏ လက်တွေက အောက်သို့ လျောဆင်းလာပြီး မိမိ တင်ပါးအိအိကို ဆုပ်နယ်လာလေတော့ မျက်လုံးပြူးသွားရ၏ ။ မိုးရိပ် အလန့်တကြားနှင့် တွန်းထုတ်လိုက်မိ၏ ။

ထိုအခါမှ နေခစား သတိဝင်သွားပြီး မိုးရိပ်မျက်နှာကို စေ့စေ့ကြည့်မိသည် ။ မိုးရိပ်မျက်နှာက နီမြန်းနေပြီး မျက်လုံးလေးဝိုင်း၍ သူ့ကို အလန့်တကြားနှင့် မော့ကြည့်နေသည်မှာ ဆွဲဆောင်မှုအားပြင်းလွန်းသည် ။ သူ ဘယ်လိုမှ တောင့်ခံဖို့မဖြစ်နိုင် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now