26

9.8K 610 1
                                    

အခန်း ( ၂၆ )

မာမီ့မိတ်ဆွေ ဖိတ်ထားသော ညစာစားပွဲသို့ နေခစား ရောက်လာခဲ့ရသည် ။ မာမီက အတင်းလွှတ်၍သာ သူ့မှာ ရှောင်လွှဲမရ၍ လာခဲ့ရသည် ။ နေခစား ကားကို ခြံရှေ့မှာ ရပ်ခဲ့ပြီး လမ်းလျှောက်ဝင်လာချိန် ဖုန်းတစ်ခုဝင်လာသည် ။

ဖုန်း​ခေါ်သူက တေဇ ။ သူ ဖုန်းအမြန်ဖြေလိုက်သည် ။

"ဘာထူးလဲ "

"မိုးရိပ်ကင်း နေတဲ့ နေရာ ကျွန်တော် သိရပြီ ဘော့စ် "

"ဘယ်မှာလဲ "

သူ အလောတကြီး မေးမိသည် ။

"ကျွန်တော် cctv တွေကို ခြေရာခံရင်း နောက်ဆုံး သူဝင်သွားတဲ့နေရာက  _ ၊ လမ်း ၊ ခြံအမှတ် _ မှာ "

"ဘာ! "

နေခစား ဖုန်းကိုင်ထားရင်း မျက်ခုံးပင့်၍ မျက်ဝန်းတစ်စုံက ပုံရိပ်တစ်ခုကို အပြေးအလွှား ရှာဖွေကြည့်မိသည် ။ သူ့အကြည့်တွေက ခြံထောင့်က စားပွဲဝိုင်းဆီအရောက် ရပ်တန့်သွား၏ ။ ဘေးတစ်ခြမ်းမြင်နေရသော ပုံရိပ်လေး ၊ မိန်းကလေးတစ်ယောက်နှင့် အကြည်စိုက်ပြီး ရယ်မောနေတာများ မိုးမမြင်လေမမြင်  ။ သူ့ ခြေလှမ်းတွေက ထိုနေရာသို့ ဦးတည်သွားမိသည် ။

"အဲ့ဒီအိမ်က လူတွေနဲ့ မိုးရိပ်နဲ့ ဘယ်လိုပတ်သတ်နေလဲ ၊ အတိအကျသိချင်တယ် "

"စိတ်ချပါ ဘော့စ် ၊ ကျွန်တော် အမြန်ဆုံး စုံစမ်းလိုက်ပါ့မယ် "

နေခစား ဖုန်းချလိုက်ပြီး အေးစက်စက် လေသံနှင့် ခေါ်လိုက်သည် ။

"မိုးရိပ်ကင်း!"

"ပေပေ ကျွေး...ရေ "

ထိုစဉ် ထွက်ပေါ်လာသည့် အသံသေးသေးလေး ။ ယခုမှ မိုးရိပ်နှင့် ထိုမိန်းကလေး၏ ကြားထဲက ခုံလေးမှာ ထိုင်နေသော ကလေးငယ်ကို တွေ့လိုက်ရ၏ ။  မိုးရိပ်နှင့် မျက်နှာအစိတ်အပိုင်းတချို့တူနေတာကြောင့် သူ့ရင်ထဲ တင်းကြပ်လာသည် ။

"ပေပေ...ချားမယ်ဆို ၊ ကျွေးဘူးလား "

ကလေးက ထပ်ပြောလာပြန်၏ ။ နေခစား ပွင့်ထွက်ကျတော့မည့် ဒေါသတွေကို မြိုသိပ်ရင်း မေးလိုက်သည် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now