2

15.5K 873 3
                                    

အခန်း ( ၂ )

သည်နေ့ မိုးရိပ်သည် ကျောင်းကို တိမ်ယံ နှင့်​အတူ ရောက်လာပြီး အတန်းမစခင် ကန်တင်းမ် မှာ မုန့်ဝင်စားသည်။ ကျောင်းကို လာသည့်လမ်းတလျောက်ရော ၊ ယခုထိပါ တိမ်ယံက ဘာစကားတစ်ခွန်းမှမပြောပေ ။ ယခုလည်း မျက်နှာမကောင်းစွာနှင့် မုန့်စား၍သာနေလေသည်။ နောက်ဆုံးတော့ မိုးရိပ်က မနေနိုင်ဘဲ တိမ်ယံ့ကို စကားစပြောမိသည် ။

" ဟိုနေ့က ကိစ္စအတွက် ငါ တောင်းပန်ပါတယ်ကွာ ။ ငါ ဘယ်လိုမှ ဆက်မနေနိုင်တော့လို့ ထွက်ပြေးမိတာပါ ။ မင်းနဲ့ မရိုစီတို့ကို မျက်နှာပျက်အောင် လုပ်သလို ဖြစ်သွားခဲ့ရင် ဆောရီးပါကွာ "

ထိုအခါမှ တိမ်ယံက စိတ်တိုနေဟန်နှင့် မကျေနပ်မှုတို့ကို ဖွင့်ထုတ်လာလေသည် ။

"မရိုစီရော ၊ ဦးမင်းမြတ်ပါ တော်တော်စိတ်ဆိုးသွားကြတယ် မိုးရိပ် ။ မင်း အဆင်မပြေဘူးဆိုလည်း အစထဲက ငြင်းပေါ့ကွာ ။ အခုလို ထွက်ပြေးတာတော့ ဘယ်ကောင်းမလဲ "

"အင်း ၊ ငါ နားလည်တယ် တိမ်ယံ ။ ဒါပေမဲ့ ငါ့အဖေ မဆုံးခင် မှာခဲ့သလိုမျိုး ငါ ရိုးရိုးသားသားပဲ နေချင်လို့ပါ ။ ငါ့ခန္ဓာကိုယ်ကို ငွေနဲ့ မရောင်းစားချင်တော့ဘူး "

"ဟူး......ဒါဆို မင်း ဘယ်လိုလုပ်မှာလဲ ။ မင်းတို့ အိမ်လခ ၊ မင်းညီ ကျူရှင်လခရော ၊ မင်းအမေရဲ့ ဆေးဖိုးပါ အဲဒါတွေအတွက် မင်း ဘာတွေဆက်လုပ်မှာလဲ "

မိုးရိပ်သည် တိမ်ယံ့စကားတွေကြားတော့ ဟန်မဆောင်နိုင်စွာ မျက်နှာပျက်သွားပေမယ့် ခဏသာ ၊ ချက်ချင်း အားတင်းပြီး ပြုံးလိုက်သည် ။

"ငါ အချိန်ပိုင်း အလုပ်ဝင်လုပ်မယ် စတိုးဆိုင်မှာ ။ ပြီးရင် စာသင်ဖို့လည်း ပြောထားသေးတယ် ။ တခြားအလုပ်တွေလည်း ထပ်ရှာဦးမှာပါ ။ ဒါဆိုအဆင်ပြေသွားမှာပါ ။ ဒါမှ အဆင်မပြေရင်လည်း ငါ ကျောင်းထွက်ရုံပဲပေါ့ "

"မင်း ကျောင်းတော့ ဆက်တက်ပါကွာ"

"အင်း ၊ ငါ အရင်အဆင်ပြေအောင် ကြိုးစားကြည့်မှာပါ "

တိမ်ယံက မိုးရိပ်ကို ဘာမှဆက်ပြောမနေတော့ဘဲ နှုတ်ဆိတ်နေလိုက်တော့သည်။
မိုးရိပ် ဆုံးဖြတ်ပြီးပြီဆိုတော့ သူ့ ဆန္ဒကို ကန့်ကွက်မနေလိုတော့ ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now