17

9.5K 598 0
                                    

အခန်း ( ၁၇ )

ဦးနေအောင်က ဖုန်းစပီကာဖွင့်လိုက်သည့်အချိန် ဒေါ်ဥမ္မာခင်ကပါ ဘေးကို ရောက်လာပြီး စိတ်ဝင်တစား နားထောင်သည်။

"ဟုတ်ကဲ့ ၊ မြန်မြန်ပြောပါ ဒေါက်တာ ။ နေခစားက ကျွန်တော့်သားပါ"

"ဟုတ်ကဲ့ပါဗျ ။ လွန်ခဲ့တဲ့ရက်က ကျွန်တော့် ဆေးရုံကို နေခစား နဲ့ မိုးရိပ်ကင်းတို့ ရောက်လာပါတယ် ။ ကားမတော်တဆမှုဖြစ်ပြီး ဒဏ်ရာတွေနဲ့ပါဗျ "

"ဒါဆို အသက်အန္တရယ်ရှိလား ဒေါက်တာ"

ဒေါ်ဥမ္မာခင် အလောတကြီး မေးမိသည်။

"အသက်အန္တရယ်တော့ မရှိတော့ပါဘူး ။ နှစ်ယောက်လုံးသက်သာနေပါပြီ ။ ဒါပေမဲ့ မနေ့ကပဲ ဆေးရုံကနေ နှစ်ယောက်လုံး ပျောက်သွားပါတယ် ။ ကျွန်တော့်အထင် သူတို့ကို လိုက်ရှာနေတာသိပြီး ထွက်ပြေးသွားကြတာထင်တယ်"

"ဟုတ်လား ။ ဒါဆို သူတို့ မရှိကြတော့ဘူးပေါ့ ဒေါက်တာ"

"ဟုတ်ကဲ့ ၊ ကျွန်တော့် ဆေးရုံမှာ ရှိခဲ့တယ်ဆိုတာ သတင်းပေးချင်တာပါ"

"ကျေးဇူးတင်ပါတယ်ဗျာ ။ ဆေးရုံနေရာ တစ်ချက်လောက် ပြောပေးပါ ။ အဲ့ဒီအနီးအနားမှာ စုံစမ်းကြည့်မလို့ပါ"

"ဟုတ်ကဲ့ပါ ။ လိပ်စာက....."

****

နောက်တစ်နေ့၌ ဦးနေအောင် နှင့် ဒေါ်ဥမ္မာခင် တို့သည် နေခစား ရှိခဲ့သည့် ဆေးရုံအနီးအနားမှာ စုံစမ်းရင်းမှ နာရီရောင်းခဲ့တာကို သိလိုက်ရသည်။ ထို့နောက် နေခစား ရှိနိုင်မည့်နေရာကို လူငှါး၍ စုံစမ်းခိုင်းပြီးမှ ပြန်လာခဲ့ကြသည်။

သိပ်မကြာခင်မှာ သားလေးနှင့် ပြန်တွေ့နိုင်တော့မည်မို့ ယခုမှပဲ သူတို့လင်မယားနှစ်ယောက် စိတ်သက်သာရာရတော့သည်။

****

မြို့ကြီးပြကြီးနှင့် အလှမ်းဝေးပြီး ဖွံ့ဖြိုးမှု အနည်းငယ် နောက်ကျသော နယ်မြို့ဖြစ်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းက ရှားပါး၏ ။ ထို့ပြင် မိမိက ကျောင်းလည်းပြီးသေးတာမဟုတ် ။ ဤသို့နှင့် တစ်နေကုန်အောင် အလုပ်ရှာဖွေရေးဆင်းပြီးနောက်မှာတော့ ဆိပ်ကမ်းမှာပဲ ကုန်တင်ကုန်ချကူရင်း စာရင်းမှတ်ရသည့် အလုပ်ရသွား၏ ။ သူ့လက်ထဲမှာလည်း ပိုက်ဆံက သိပ်မရှိတာကြောင့် ထိုအလုပ်ကိုပဲ ဝမ်းပန်းတသာနှင့် ကြိုဆိုရ၏ ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now