13

10.5K 634 5
                                    

အခန်း ( ၁၃ )

နေခစားသည် ကားနောက်ခန်းမှာ မေ့ဆေးအရှိန်နှင့် မေ့မြောနေသည့် မိုးရိပ်ကင်းကို ကြည့်မိသည်။ မိုးရိပ်၏ လက်ထပ်ပွဲ နီးလေ သူ ဆောက်တည်ရာမရလေ ဖြစ်နေမိပြီး နောက်ဆုံး၌ မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ မိုးရိပ်၏ နောက်သို့ တိတ်တဆိတ်လိုက်ရင်းမှ သည်နေ့ တစ်ယောက်တည်းတွေ့တော့ သူ့အတွက် အခွင့်အရေးရသွားသည်။

သူ့ဘက်က မိုးရိပ်ကို အထင်လွဲပြောဆိုခဲ့တာတွေအတွက် တောင်းပန်ပြီး အချစ်ကို လက်ခံပေးဖို့ပြောခဲ့ပေမယ့် မိုးရိပ်က ခေါင်းမာစွာနှင့် ငြင်းဆန်ပြီး ထွက်သွားခဲ့လေသည်။ ဒါကြောင့် သူ ကြိုတင်စဉ်းစားထားသည့် တခြားနည်းလမ်းတစ်ခုဖြစ်သည့် မေ့ဆေးနှင့် အုပ်ပြီး ကားပေါ်တင်ခဲ့လေသည်။ မိုးရိပ်ကို ဘယ်လိုနည်းနှင့်မှ သူ အဆုံးရှုံးမခံနိုင်ပေ ။ ဒါကြောင့် အားလုံးနှင့် အဝေးဆုံးကို ခေါ်သွားမည် ။ သူ့ဆီမှ လွယ်လွယ်ထွက်ပြေးလို့မရသည့် နေရာ တစ်ခုဆီပေါ့ ။ ဘယ်လောက်ထိကြာမည်ကို သူ မပြောတတ်သေး၊ ဒါပေမဲ့ သေချာတာက မိုးရိပ်ကင်းက သူ့ အချစ်ကို နားလည်လက်ခံပြီး ပြန်ချစ်လာမည့် တစ်နေ့ထိ ။

နေခစား ကားကို အရှိန်မြင့်မောင်းလိုက်သည်။ ကားလေးက တစ်ဖြည်းဖြည်း ရွေ့လျားနေပြီး မြို့လေးနှင့် အလှမ်းဝေးလာခဲ့လေပြီ။

****

ဒေါ်နှင်းသက်သည် အိမ်ရှေ့မှာရပ်ပြီး သားဖြစ်သူ မိုးရိပ်ကင်း ပြန်အလာကို စောင့်နေတာ အချိန်ကြာနေခဲ့ပြီ ၊ ယခုထိ ပြန်မရောက်သေး။ အပြင်ခဏသွားပြီး ပြန်လာမည် ဟုပြောခဲ့သည် ။ ယခုဆို ညမိုးချုပ်တော့မည် ။ သားလေး ဘာဖြစ်လို့ပါလိမ့် ဟု တွေးရင်း ဒေါ်နှင်းသက် စိတ်ပူနေမိသည်။

ထိုအချိန် ခြံထဲကို သားလေး လရောင် ဝင်လာသည်။

"သား ပြန်လာပြီပဲ"

"မေမေ ဘာလို့ အိမ်ထဲမှာ မနေဘဲ အပြင်မှာ ရပ်နေရတာလဲ"

"သားအစ်ကို အပြင်ထွက်သွားတာ မိုးချုပ်နေပြီ ၊ ခုထိ ပြန်မရောက်သေးဘူး "

"မေမေရယ် ။ ကိုကိုက ဟိုဦးလေးကြီးနဲ့ သွားတွေ့တာ နေမှာပေါ့ဗျာ"

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now