30

11.6K 562 3
                                    

အခန်း ( ၃၀ )

ဆရာဝန် စစ်ဆေးနေစဉ် မိုးရိပ်က အားလုံးကို ဖုန်းဆက်၍ အသိပေးလိုက်သည် ။ လူနာ၏ အခြေအနေကောင်းပြီး သိပ်မကြာခင်ဘဲ ဆေးရုံက ဆင်းနိုင်မည်ဟု ဆရာဝန်က ဆိုသည် ။ နောက်ဆုံး အခန်းထဲမှာ သူနှင့် မိုးရိပ် နှစ်ယောက်တည်းကျန်ခဲ့၏ ။ မိုးရိပ် ခိုးကြည့်လိုက်တော့ သူက ကုတင်မှာ ကိုယ်တစ်ဝက်မှီထိုင်နေရင်းနှင့် မိုးရိပ်ကို စူးစိုက်ကြည့်နေသည် ။

"ကိုယ့်အနားမလာတော့ဘူးလား "

နေခစားက ပြောလာ​တော့ မိုးရိပ် လက်နှစ်ဖက်ကို ပွတ်ရင်း သူ့အနားကို သွားမိသည် ။

"မင်း ထွက်သွားပြီထင်နေတာ"

"မင်း ဒီလိုဖြစ်သွား​တော့ ငါ ဘယ်လိုထွက်သွားနိုင်မလဲ ။ မင်း ကလေးလည်း မဟုတ်ဘဲနဲ့ ဘာလို့သတိမထားရတာလဲ "

မိုးရိပ်က နှုတ်ခမ်းလေးထော်ပြီး ဆူနေတော့ နေခစားရယ်မိသွားသည် ။ မိုးရိပ် လက်လေးကို သူ ဖျတ်ခနဲ ဆွဲလိုက်တော့ မိုးရိပ်က သူ့ရင်ခွင်ထဲ ပစ်ကျလာသည် ။ မိုးရိပ်ကိုယ်တစ်ဝက်က သူ့ထွေးဖက်မှုအောက်မှာ ၊ သို့ပေမယ့် မိုးရိပ်က မရုန်းဘဲ ​ငြိမ်ငြိမ်လေးနေသည် ။ မိုးရိပ် မျက်နှာလေးကို သူ ငုံ့မိုးကြည့်ရင်း ဖြေရှင်းချက်ပေးလိုက်သည် ။

"အဲ့ဒီအချိန်တုန်းက မင်း ကိုယ့် မျက်စိအောက်ကနေ ပျောက်သွားမှာ အရမ်းကြောက်နေခဲ့တာ ။ နောက်ပြီး မင်းဆီက သားလေးက ကိုယ့်သားအရင်းပါလို့ ဝန်ခံတာကို ကိုယ်တိုင်ကြားချင်ခဲ့တာကြောင့်ပါ "

နေခစား၏ စကားကြောင့် မိုးရိပ် သူ့ကို စူးစိုက်ကြည့်မိသည် ။ သူ အားလုံးသိနေပြီလား ။

"မင်း သိသွားပြီလား "

"အင်း... ကိုယ် အရမ်းပျော်တယ် မိုးရိပ်ရယ် ။ ဒါပေမဲ့ မင်း ကိုယ့်အနားက ထွက်ပြေးဖို့ ကြိုးစားတုန်းပဲဆိုတော့ မင်း ကိုယ့်ကို သိပ်မုန်းနေတုန်းပဲလား ။ ကိုယ် မင်းကို ထပ်ပြီးတော့ တောင်းပန်ပါတယ် မိုရိပ် ။ မင်း ကိုယ့်အနားမှာ မနေချင်ဘူးဆိုလည်း ထွက်သွားလို့ရပါပြီ ။ မင်း ပျော်မယ်ဆို ကိုယ် လိုက်လျောပေးပါ့မယ် "

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now