Extra 💙

11.7K 649 36
                                    

Extra

ဒေါက်...ဒေါက်

နေခစား အလုပ်လုပ်ရာမှ တံခါးခေါက်သံကြား၍ ဝင်ခိုင်းလိုက်သည် ။

"ဘာကိစ္စလဲ "

သူ စာရင်းတွေကို စစ်နေရင်းနှင့်ပဲ မေးလိုက်သည် ။ သို့ပေမယ့် ပြန်မဖြေလာတာကြောင့် အလိုမကျစွာဖြင့် လှမ်းကြည့်လိုက်စဉ် သည်တစ်ခါ အံ့သြသွားရသူက နေခစား ။

"ဟင်! မိုးရိပ် "

သူ ချက်ချင်းပင် နေရာမှ ထလိုက်ပြီး မိုးရိပ်၏ အနားကို သွားလိုက်သည် ။

"ဘာလို့ကိုယ့်ကို အသံမပေးရတာလဲ "

"မင်း အလုပ်ထဲ အာရုံစိုက်နေတဲ့ပုံက ကြည့်ကောင်းလို့ ငေးနေတာ "

"ဟား...ဒါတွေက ဘာလဲ "

မိုးရိပ်၏ အဖြေကို သူ သဘောကျစွာ ရယ်မိပြီး လက်ထဲက အိတ်ဆီ အကြည့်ရောက်တော့ မေးလိုက်သည် ။

"ဒါလား... မင်းအတွက် နေ့လယ်စာ "

"ဟင်! "

နေခစားက အိတ်ကို လှမ်းယူပြီး မိုးရိပ်၏ လက်ကို ဆွဲကာ ဆိုဖာမှာထိုင်စေသည် ။ ပြီးနောက် လေးထောင့်မှန်စားပွဲရှည်ပေါ်မှာ အိတ်ကိုတင်ကာ ဘူးလေးတွေ ထုတ်လိုက်သည် ။

"ဒါဆို အတူစားရအောင် "

"အင်း "

ထမင်းဘူးနှင့် ကြက်အသည်းအမြစ်ဆီပြန် ၊ ကန်ဇွန်းရွက်နဲ့ မှိုကြော် ၊ သီးစုံပဲဟင်း ၊ ငရုတ်သီးထောင်း စသည်တို့ကို ဘူးလေးတွေနှင့် သေသေသပ်သပ် ထည့်ထားသည်မှာ စားချင်စဖွယ် ။

"ဒါတွေအကုန်လုံး မင်း ချက်လာတာလား "

"အင်း"

"မင်း ပင်ပန်းမှာပေါ့ မိုးရိပ်ရယ် ။ အိမ်မှာ ထမင်းဟင်းချက်ဖို့ လူခေါ်ထားတာပဲ ။ ဘာလို့အပင်ပန်းခံရတာလဲ "

သိပ်မကြာခင်ကမှ နေခစားသည် သားအတွက် ကလေးထိန်းရယ် ၊ ချက်ပြုတ်ရန်အတွက် လူနှစ်ယောက်ထပ်ခေါ်ခဲ့၏ ။

"မင်းကို ငါ့လက်ရာ စားစေချင်လို့လေ ။ မင်း မကြိုက်ဘူးဆိုရင်လည်း နောက် ချက်မကျွေးတော့ဘူး  "

မိုးရိပ်က စိတ်ဆိုးသွားဟန်နှင့် ဇွန်းကိုချပြီး တစ်ဖက်လှည့်သွားတာကြောင့် နေခစား အမြန်ပြန်ချော့ရသည် ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now