18

9.3K 574 6
                                    

အခန်း ( ၁၈ )

မနက်အိပ်ရာနိုးတော့ မိုးရိပ်သည် သူ့ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းခံထားရသည် ။ ထို့ပြင် မိုးရိပ်၏ အပေါ်ပိုင်းက အဝတ်ကင်းမဲ့နေပြီး နှစ်ယောက်လုံး၏ ခန္ဓာကိုယ်က ထိကပ်နေသည်မှာ ကြားလေတိုး၍ မရလောက်သည်ထိ ။ မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိတော့ မိုးရိပ် ရှက်ပြုံးပြုံးမိသည် ။ နေခစား၏ မျက်နှာချောချောကို ငေးမော့ကြည့်ရင်း မိုးရိပ် ရင်ခုန်သံတွေက စည်းချက်ကျစွာ ခုန်ပေါက်နေ၏ ။

မိုးရိပ် အတိတ်မေ့နေသည့်တိုင်အောင် နေခစားအပေါ်ထားသည့် ခံစားချက်တွေက ပျောက်ရှမသွား ။ ပို၍ တိုးလာသည် ။ မိုးရိပ် အတိတ်မေ့သည်ဖြစ်စေ ၊ မမေ့သည်ဖြစ်စေ ၊ သူ့ကို ချစ်မြဲ ချစ်ဆဲ ပဲ ဆိုတာ သူ သိအောင် တစ်နေ့တော့ ဝန်ခံပါဦးမည် ။

"မိုးရိပ်လေး "

ထိုစဉ် နေခစားက နိုးလာပြီး မိုးရိပ်၏ ပါးလေးကို နမ်းရှိုက်သည် ။ ထိုမှ တဆင့် မျက်နှာအနှံ့ အနမ်းတွေ ဖြန့်ကျက်ပြန်တော့ မိုးရိပ် သူ့ရင်ဘတ်ကျယ်ကြီးကို လက်ဖြင့် တွန်းရင်း တားရပြန်သည် ။

"မင်း အလုပ်သွားရမယ်လေ"

"အာ...ဟုတ်သား "

နေခစားက ယခုမှ သတိရသွားဟန်နှင့် ပြုံးပြီး မိုးရိပ်၏ နှုတ်ခမ်းလေးကို ပြွတ်ခနဲ နမ်းရှိုက်လိုက်သေး၏ ။ ပြီးမှ ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲ ဝင်သွား၏ ။

မိုးရိပ်လည်း မြန်မြန် ထ၍ သူ မနေ့ ညက ပစ်ချထားသော တီရှပ်ကို ကောက်ယူဝတ်ရ၏ ။

မနက်စာအတွက် မနေ့က ကျန်သော ထမင်းကြမ်းကို ကြက်ဥနှင့် ရောကြော်ပြီး ကော်ဖီနှစ်ခွက်ဖျော်ထားလိုက်သည် ။

"ဒါနဲ့ မင်း ဘယ်မှာအလုပ်လုပ်မှာလဲ "

နှစ်ယောက်အတူ မနက်စာစားနေရင်း မိုးရိပ် သူ့ကို မေးလိုက်သည် ။ မနေ့က အေးဆေးစကားပြောဖို့ အချိန် မရခဲ့တာကြောင့် ယခုမှ မေးဖြစ်၏ ။

"ကိုယ် ဆိပ်ကမ်းမှာပဲ ၊ စာရင်းမှတ်ရမှာ "

သူပါ ဝင်လုပ်ရမည်ဆိုတာကိုတော့ နေခစားက မိုးရိပ်ကို မပြောတော့ပါ ။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now