12

10.6K 695 9
                                    

အခန်း ( ၁၂ )

မိုးရိပ်သည် နေခစား၏ ကားပေါ်မှ ဆင်းခဲ့ပြီးနောက် ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည် ။ နောက်ဆုံး နေဝင်တော့မှ အိမ်ကို ပြန်ရောက်ခဲ့၏။

" ဟော သား...ပြန်ရောက်ပြီပဲ ။ ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"

"ဟုတ်ကဲ့...မေမေ ။ သား ခဏနားလိုက်ဦးမယ် ။ ခေါင်းနည်းနည်းမူးလို့"

"အေး..အေး ။ ဆေးသောက်ဦးမလား "

"ဟင့်အင်း ။ ခဏအိပ်လိုက်ရင် သက်သာသွားမှာပါ"

"အေး...ဒါဆိုလည်း နားလိုက်ဦးလေ"

မိုးရိပ် အခန်းထဲရောက်တော့မှ ထိန်းထားသည့် စိတ်ကို လျော့ချလိုက်သည် ။ မိုးရိပ်၏ ပထမဆုံး အနမ်းကိုလည်း နေခစားက ယူခဲ့ပြီး ယခုလည်း အတင်းအကြပ် နမ်းရှိုက်ခဲ့ပြန်သည် ။ မိုးရိပ် ခဏတော့ ရင်ခုန်မိပေမယ့် စက္ကန့်အနည်းငယ်မျှသာ ၊ နေခစား၏ ဇွတ်တရွတ်ဆန်သည့် အပြုအမှုက မိုးရိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည် ။

နေခစားက မိုးရိပ်ကို ချစ်တယ်တဲ့လား ။ မိုးရိပ် ဘယ်လိုမှ မယုံကြည်နိုင် ၊ မိုးရိပ်အပေါ် အထင်အမြင်သေးသည့် အသုံးအနှုန်းတွေ ယခုချိန်ထိ ပါးစပ်ကမချသည့်အပြင် အလိုမတူဘဲ အတင်းအကြပ် စော်ကားသည့်  အပြုအမှုတွေက ချစ်တာတဲ့လား ။ မိုးရိပ်သည် နေခစား၏ အချစ်ကို မယုံကြည်နိုင်သလို သူ့ကိုလည်း မုန်းတီး နာကြည်းမိသည်။

သူ့အနမ်းတွေကို ပြန်တွေးမိသွားတော့ ရင်ခုန်သံမြန်လာရသည်။ဒါ ဘာကြောင့်လဲ ။ မိုးရိပ် သူ့ကို သိပ်မုန်းတယ်လေ ။

အချစ် နှင့် အမုန်း၏ လွန်ဆွဲမှုကြားမှာ နှလုံးသားတစ်စုံက ယောက်ယက်ခက်လို့ နေခဲ့သည် ။

****

ဦးမင်းမြတ်သည် အလုပ်ပိတ်ရက်၌ နေလေးနှင့် ချိန်းထားတာမို့ စောင့်နေတုန်း တံခါးဘဲလ်တီးသံ ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်တော့ နေလေး ရောက်နေသည်။

"လာ....နေလေး ။ မင်းကို မျှော်နေတာ "

"ဟုတ်ကဲ့...လေးလေး "

"ဘာသောက်ဦးမလဲ ။ ကော်ဖီလား ၊ အအေးလား"

"ကျွန်တော် မသောက်တော့ပါဘူး လေးလေး ။ လေးလေး ကျွန်တော့်ကို ပြောစရာရှိတယ်ဆို"

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now