6

10.8K 733 31
                                    

အခန်း ( ၆ )

" သား နဲ့ ဆရာနဲ့က သိနေကြတာလား "

" မသိပါဘူး "

နေခစားရော မိုးရိပ်ပါ ပြိုင်တူဖြေလိုက်မိကြသည်။

" အေးပါ ။ ဒါဆိုလည်း ဆရာ့ကို အိမ်အထိ ကားမောင်းပြီး လိုက်ပို့ပေးလိုက်ဦး "

" မာမီ ၊ ဦးထွန်းကို လိုက်ပို့ခိုင်းရမှာလေ ။ ကျွန်တော်က ဘာလို့ လိုက်ပို့ပေးရမှာလဲ "

" ဦးထွန်းက မင်းဒယ်ဒီခိုင်းထားတဲ့ အလုပ်ကိစ္စတွေ လိုက်လုပ်နေတယ်လေ "

" ကျွန်တော် လိုက်မပို့ချင်ဘူးဗျာ "

" မင်း ဘာဖြစ်နေတာလဲ နေခစား "

" ဟို...ရပါတယ် အန်တီ ။ ကျွန်တော် တစ်ယောက်တည်းပြန်လို့ အဆင်ပြေပါတယ် ။ ခွင့်ပြုပါဦးဗျ "

" ဘယ်ဟုတ်မလဲကွယ် ။
နေခစား မင်း မာမီ့စကားနားမထောင်ဘူးလား "

"ကျစ်! "

နေခစား မကျေမနပ်နှင့် ကားသော့ယူပြီး လိုက်ပို့ဖို့ပြင်ရတော့သည်။

မိုးရိပ်သည် ဒေါသထွက်နေသည့် နေခစားမျက်နှာကို အားနာနေသလို ကြည့်လိုက်ပေမယ့်
စိတ်ထဲမှာတော့ ကျေနပ်စွာ အော်ရယ်နေမိသည်။ မျက်နှာတည်ထားသည့်​ကြားက နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးတက်သွားသည်။

မိုးရိပ်ကင်း ပြုံးလိုက်တာကို မြင်လိုက်ရသည့် နေခစားမှာတော့ ဒေါသပိုထွက်လာရသည်။ မာမီ့စကားကို မလွန်ဆန်နိုင်လို့သာ လိုက်ပို့ပေးရမှာ ။ ဖြစ်နိုင်လျှင် မိုးရိပ်ကင်း နှင့် အတူမရှိချင် ၊ မတွေ့ချင်ပါဘူးဆိုမှ သူ့ရှေ့ကို ရောက်ရောက်လာသည်။ ဒါ တိုက်ဆိုင်မှုမှ ဟုတ်ရဲ့လား ။

နေခစား ဒေါသနှင့် ကားကို အရှိန်ပြင်းပြင်း မောင်းတော့ မိုးရိပ်ကင်း လန့်သွားတာ မြင်လိုက်ရသည်။ နေခစား ကျေနပ်စွာပြုံးပြီး အရှိန်ထပ်မြှင့်လိုက်သည်။

ကားလမ်းရှုပ်နေရသည့်အထဲ ကားကို အရှိန်မြင့်ပြီး မောင်းနေတာကြောင့် မိုးရိပ် နှလုံးခုန်မြန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ နေခစားကတော့ မိုးရိပ်ကြောက်နေတာမြင်တော့ ပို၍ အရှိန်မြင့်ပြီး မောင်းလိုက်သေးသည်။

အမုန်းခ အချစ်ခြွေ < Completed >Where stories live. Discover now