17.1

3.9K 126 3
                                    

Unicode

ရှီးရှန်တစ်ယောက် Space ထဲပြန်ရောက်ပြီးနောက် ထူးထူးခြားခြား တစ်နေရာတည်းမှာပဲ အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့တာကြောင့် System လည်း သံသယဝင်လာခဲ့တော့တယ်..

‘Host ဘာလုပ်နေပါလိမ့်?’

“System ထဲကပိုနေတဲ့ချန်နယ်တွေ အကုန်ပိတ်ပစ်လိုက်”

[ဖန်တီးသူ?] ဖန်တီးသူက ဘာလို့ဒီအချိန်ကြီးပေါ်လာရတာလဲ???

System ဖန်တီးသူရဲ့အသံက ပိုကျယ်လာခဲ့၏။

“မြန်မြန်လုပ် !”

System က ချက်ချင်းပဲ အမိန့်ကိုနာခံလိုက်ပြီး ပိုနေတဲ့ချန်နယ်တွေအကုန်လုံးကို ပိတ်ချလိုက်တော့တယ်..

[ဖန်တီးသူ?]

သိုသော်ငြား တစ်စုံတစ်ယောက်ကမှ ပြန်မဖြေလာခဲ့ဘူး။

‘ချန်နယ်တွေကိုပိတ်ပြီးတာနဲ့ ဖန်တီးသူက သူ့ကို အဖက်မလုပ်တော့ဘူးပဲ..’

System လေးခမျာ ခြောက်လန့်ခံလိုက်ရသလို ခံစားလိုက်ရရှာတယ်..

“ခုနက host ဘာလုပ်နေခဲ့တာလဲ?”

ရှီးရှန်က Screen ကို သနားသလိုကြည့်လိုက်ပြီး..

“နင့်နောက်မှာရှိတဲ့လူက အတော်လေးဉာဏ်ကောင်းသားပဲ..”

“ချီးမွမ်းတာအတွက် ကျေးဇူးတင်ပါတယ်နော်.. ကျွန်တော်တို့ဖန်တီးသူက ကျိန်းသေပေါက်ဉာဏ်ကောင်းတာပေါ့..”

System လေးခမျာ အနည်းငယ်ခက်ခဲသလို ခံစားလိုက်ရတယ်။ ဖန်တီးသူမရှိတော့ပေမယ့် သူကတော့ ဒီလိုမျိုးခြိမ်းခြောက်ခံနေရတုန်းပဲ..

“ကောင်းပြီ…အချက်အလက်တွေ အရင်ကြည့်ကြရအောင်…”

အမည် : ရှီးရှန်
ကိုယ်ကျင့်တရားရမှတ် : -2,000,000 ( အနိမ့်ဆုံးအမှတ်ကို ချိုးဖျက်သွားပါပြီ၊ လက်ဆောင်အကြီးကြီးတစ်ခု ရရှိမှာဖြစ်သည့်အတွက် ဂုဏ်ယူပါတယ်…)
အသက်အမှတ် : 25
အကူအညီရမှတ် : 31,000
မစ်ရှင်အဆင့် : B
မစ်ရှင်ရမှတ် : 78
အပိုမစ်ရှင် : မအောင်မြင်ပါ
အပိုမစ်ရှင် ဆုလာဘ် : မရှိ
ပစ္စည်းစာရင်း : ဘုရင်မသရဖူ၊ တစ္ဆေုဘုရင်၏နှလုံးသား၊ မဟူရာညနက်

Final Boss Is No Joke (Arc-17)Where stories live. Discover now