17.16

325 53 0
                                    

Unicode

နောက်တစ်ရက်နိုးတော့ ရှီရှန်းခမျာ ဆွံ့အသွားခဲ့သည်။

‘ချင်းဟန်က ဘယ်လိုလုပ်အကြီးကြီးဖြစ်သွားရတာလဲ..?’

ပတ်ဝန်းကျင်တစ်ခုလုံးက အရင်ကထက် အဆမတန်ကြီးမားနေသလိုပဲ။ ချင်းဟန်က သူမကို သူ့ရဲ့လက်မောင်းကြားမှာပွေ့ဖက်ထားတာကြောင့် အဆုံးမရှိတဲ့နွေးထွေးမှုတွေကို ခံစားလိုက်ရတယ်။ ရှီရှန်းက သူမရဲ့လက်သည်းလေးတွေသုံးပြီး ခပ်ဖွဖွကုတ်ခြစ်လိုက်တော့ ချင်းဟန်က ငုံ့ကြည့်လာခဲ့တယ်။

‘ဘယ်တုန်းက သူ,ဒီလိုမျိုးကြည့်တတ်သွားတာလဲ..? ငါဘာမှမသိလိုက်ဘူး.. ကြောက်ဖို့ကောင်းလိုက်တာ..’

“မနက်မိုးလင်းရင် မင်းအတွက် လူသားအသွင်ပြန်ပြောင်းနိုင်မယ့်နည်းလမ်း ရှာပေးမယ်..”
ချင်းဟန်ရဲ့အသံက တိုးရှစွာထွက်ပေါ်လာခဲ့တယ်။

ရှီရှန်းက သူ့ရဲ့လက်ဖဝါးကိုကုတ်ခြစ်ပြန်တယ်။ သူမရဲ့သည်းခံနိုင်စွမ်းကို ကျော်လုနီးပါးဖြစ်နေခဲ့ပြီ…

‘လူသားတွေနဲ့မိစ္ဆာတွေ ချစ်ကြိုက်လို့မရဘူးဆိုတာ အမှန်ပဲထင်တယ်..’

ချင်းဟန်က သူမရဲ့ကျောပြင်ကိုပွတ်သပ်ပေးနေရင်း အိစက်စက်အမွှေးတွေကြောင့် ရပ်တန့်လို့မရခဲ့ဘူး။ မိစ္ဆာဖြစ်နေတော့ သဘာဝရဲ့အကျင့်စရိုက်ကို ဖျောက်ဖျက်လို့မရတဲ့ရှီရှန်းလည်း စိတ်ကျေနပ်စွာညည်းတွားလိုက်တယ်…

“ထပ်ပြီးထိချင်သေးလည်းရတယ်..”

ချင်းဟန်ခမျာ ဆွံ့အသွားရပြန်တယ်။ သူမလေးက လူသားအသွင်နဲ့ သူ့လက်မောင်းကြားမှာလဲလျောင်းနေပြီး ထပ်ထိပေးဖို့ပြောနေပုံလေးကို စိတ်ကူးမယဉ်ပဲမနေနိုင်ခဲ့ဘူး။ ဦးခေါင်းတစ်ခုလုံး ပူထူလာပြီး သွေးတွေဆူပွက်လာသလိုပဲ။

ချင်းဟန်လည်း လက်ပြန်ရုတ်လိုက်ပြီး ရှီရှန်းကို ခပ်ဝေးဝေးတွန်းပို့လိုက်တယ်။ ရှီရှန်းကတော့ ချင်းဟန်ရဲ့လက်မောင်းကြားမှာ သဘောခွေ့နေခဲ့တာ။ သူမရဲ့ခန္ဓာကိုယ်ကို လုံးနေအောင်ခွေထားပြီး ထပ်ထိခိုင်းချင်နေမိတယ်။

‘သက်သောင့်သက်သာမရှိလိုက်တာ.. ငါလေးကိုပွတ်သပ်ပေးဖို့ တစ်ယောက်ယောက်လိုအပ်နေပြီ..’

Final Boss Is No Joke (Arc-17)Where stories live. Discover now