17.6

439 66 0
                                    

Unicode

‘သူ မဟုတ်ဘူး..’
ရှီရှန်းလည်း ဝူချန်ရဲ့လက်ကို ပြန်လွှတ်ပေးလိုက်တယ်…

‘ဖုန်းစီသာဆို ငါ့ရဲ့အတွင်းအားကို ဒီလိုမျိုးခုခံနေမှာမဟုတ်ဘူး..
ဒီလိုဆိုတော့လည်း ဒီအကောင်ကို လောလောဆယ်တော့ ဓားနဲ့လိုက်ခုတ်လို့ရပြီ’

ဝူချန်တစ်ယောက် နာကျင်မှုကနေသက်သာရာရရုံပဲရှိသေးတယ်။ သူ့ရှေ့ကမိန်းကလေးက ဓားရှည်နောက်တစ်ချောင်းကိုကိုင်ပြီး သူ့ကိုထိုးဖို့ ချိန်ရွယ်နေလေရဲ့..

“မြေခွေးမိစ္ဆာလေ… ခနနေပါဦး”
ဝူချန်က ခပ်မြန်မြန် အော်တားလိုက်သည်… ‘ဒီမြေခွေးမိစ္ဆာလေးက အရမ်းကို သောင်းကျန်းလွန်းတာပဲ’

ဒါပေမဲ့ ရှီရှန်းက သူ,စကားဆက်ပြောဖို့ကို စောင့်ဆိုင်းမနေဘူး။ ဓားကိုကိုင်ဆွဲပြီး ဝူချန်ကို မတုံ့မဆိုင်းလိုက်ခုတ်တော့တာပဲ။ ဝူချန်လည်း ရှောင်ရင်းတိမ်းရင်း အနောက်ယိုင်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။
ဓားပျံရဲ့အောက်တည့်တည့်မှာတော့ တောအုပ်တစ်ခုရှိနေတယ်။ ဝူချန်က သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ နေရာတည့်တည့်ကိုပြုတ်ကျသွားပြီး မြေပြင်နဲ့မိတ်ဆက်သွားတော့တယ်။

ဝူချန်ခမျာ အတော်လေးမူးဝေသွားခဲ့တယ်။ တယိမ်းတယိုင်ကုန်းထလိုက်ပြီး မြင်လိုက်ရသည်က လက်သီးဆုပ်တမျှကြီးမားတဲ့ ရွှေအိုရောင်မျက်ဝန်းတစ်စုံ…
ရွှေရောင်ကျားကြီးတစ်ကောင်က သူရဲ့ခြေတစ်လှမ်းအကွာမှာရပ်နေပြီး သူ့ကိုစိုက်ကြည့်နေလေရဲ့..

ဝူချန်တစ်ယောက် တစ်ကိုယ်လုံးတောင့်ခဲသွားတယ်။ သူ့ရဲ့ခြေထောက်တစ်ဖက်က ိမြေကြီးပေါ်မှာဒူးထောက်လျက်သား။ သူ့ကိုယ်ဟန်က ထူးဆန်တာထက်ကို ပိုနေတယ်။

“ဝေါင်း..!”
ကျားက ရုတ်တရက် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ့ရဲ့ခန္ဓာကိုယ်ကို အနောက်ဘက်ယိမ်းလိုက်တယ်။ ဒါက တိုက်ခိုက်တော့မည့် အသွင်ပဲ….

ဝူချန်ရဲ့လက်က သူ့ရဲ့ခါးမှာရှိနေတဲ့ ကျောက်စိမ်းအဆောင်ဆီကို တဖြည်းဖြည်းလှမ်းလိုက်တယ်။ သူ့လက်က ကျောက်စိမ်းအဆောင်ဆီ ရောက်ရုံပဲရှိသေးတယ်။ ကျားကအမှီးကုပ်သွားပြီး တအီအီအော်မြည်နေပြန်ရော။ ထို့နောက် ခြုံပုတ်တစ်ခုထဲကို တိုးဝင်ပျောက်ကွယ်သွားတော့တယ်…

Final Boss Is No Joke (Arc-17)Where stories live. Discover now