Unicode
မြေခွေးမျိုးနွယ်စု…
ရှီရှန်းပြန်ရောက်ခဲ့သည်မှာ သုံးရက်ခန့်ပင် ကြာမြင့်ခဲ့ချေပြီ။ မြေခွေးဘုရင်ကြီးလည်း သူမဆီရောက်လာပြီး ဆုံးမဩဝါဒတွေချွေပြန်တယ်။ ရှီရှန်းလည်း တိတ်တဆိတ်ပဲနားထောင်နေလိုက်တယ်။ မြေခွေးဘုရင်ကြီးရဲ့စကားဆုံးတော့မှ ရှီရှန်းမေးလိုက်တယ်။
“အရှင်.. ရွှမ်ဖုန်းဘယ်မှာလဲ သိလားဟင်..?”
မြေခွေးဘုရင်က မျက်ခုံးပင့်လိုက်ပြီး..
“မင်းက ရွှမ်ဖုန်းကို ဘယ်လိုလုပ်သိနေတာလဲ..?”“ကျွန်မတို့ကြားမှ ရန်ငြိုးတွေရှိနေတယ်..”
မြေခွေးဘုရင်လည်း မျက်ခုံးပင့်လိုက်မိတယ်။ အတော်ကြာမှထအော်ပါလေရော။
“မိမစစ်လေး.. ရွှမ်ဖုန်းက ငါတို့မြေခွေးမျိုးနွယ်ကို ဘာလို့ပစ်မှတ်ထားနေသလဲ အံ့ဩနေတာ.. မင်းပြဿနာရှာခဲ့တာကိုး..”
‘ဘယ်လိုတောင် အော်ဟစ်လိုက်တာလဲ.. ကံကောင်းလို့ ကြုံဖူးပြီးသားဖြစ်နေလို့.. ပထမတစ်ခေါက်ပြန်ရောက်တုန်းကလို ကြိမ်လုံးနဲ့အရိုက်ခံရတာထက်စာရင်တော့ တော်ပါသေးတယ်.. စိတ်လျော့..’
မြေခွေးဘုရင်က ဒေါသတကြီး စားပွဲကိုရိုက်လိုက်ပြီး..
“ပြောစမ်း.. မင်းအဲ့မိစ္ဆာအပေါ် ဘာအမှားတွေကျူးလွန်ခဲ့တာလဲ..?”“ အဲ..” ‘နေပါဦး… ငါက ရွှမ်ဖုန်းအပေါ် အမှားကျူးလွန်စရာလား..?’
မြေခွေးဘုရင်က စားပွဲကိုထပ်ရိုက်လိုက်ပြီး..
“ဘာလဲ..? ဘာလို့ တုံ့ဆိုင်းနေရတာလဲ..? ငါ့ကို လှည့်ဖျားဖို့ မကြိုးစားနဲ့..”“သူ့ကို သတ်ချင်နေရုံပါပဲ..”
တိတ်ဆိတ်သွားတော့၏…
အသေကောင်လို တိတ်ဆိတ်သွားတော့၏…အချိန်အနည်းငယ်ကြာမှ မြေခွေးဘုရင်က ရှီးရှန်ကိုရိုက်ရန် ကြိမ်လုံးလိုက်ရှာတော့တယ်။
“မျိုးမစစ်လေး.. အစွမ်းအစကျမရှိဘူး.. မင်းက သူ့ကိုအာခံရဲသေးတယ်..? မင်းအစွမ်းအစရှိမှ သူ့ကိုသတ်လို့ရမှာပေါ့.. စွမ်းအားမလေ့ကျင့်ပဲနဲ့ သေချင်နေတာလား ဟမ်..? ငါတကယ် ရူးတော့မယ်.. ဒီကိစ္စကို ဘာလို့ဖုံးကွယ်ထားတာလဲ..?”