17.14

336 59 0
                                    

Unicode

ဝူချန်တစ်ယောက် မြေခွေးမိစ္ဆာလေးက သူ့ဆရာကိ မြင်လိုက်တာနဲ့ ခုန်အုပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး…

‘နှစ်ယောက်စလုံး ပျောက်သွားပြီ.. ဆရာရယ် ဘာလို့များ ချောက်ကမ်းပါးအစွန်းမှာ ပြုတ်ကျလုနီးပါးမတ်တပ်ရပ်နေရတာလဲလို့…???’

အဓိကအချက်က ချောက်ထဲဆင်းပြီး ရက်အတော်ကြာအောင်ရှာဖွေခဲ့ပေမယ့် သူတို့နှစ်ယောက်ကို အရိပ်အယောင်လေးတောင် မတွေ့ရသေးဘူး။ သူတို့နှစ်ယောက်က ဒီကမ္ဘာကနေ ပျောက်ကွယ်သွားသလိုပဲ။ ကျောက်စိမ်းအဆောင်ကိုသုံးပြီး သူ့ဆရာကိုဆက်သွယ်ကြည့်ပေမယ့် တုံ့ပြန်မှုမရှိခဲ့ဘူး။

ဝူချန်လည်း စိတ်ပျက်လက်ပျက် ခေါင်းကုတ်လိုက်မိတယ်။
“သူတို့တွေ ဘယ်လိုများပျောက်ကွယ်သွားရတာလဲ??”

‘ဆရာရယ်.. ကျွန်တော့ရဲ့မြေခွေးမိစ္ဆာလေးကို ဘယ်ကိုများခိုးယူသွားတာလဲဗျာ..’

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် သူနဲ့အတူရှိနေတဲ့ဓားက ရုတ်တရက်လှုပ်ခါလာတော့တယ်။ ဓားက လေထုကိုခွင်းပြီး လျင်မြန်စွာထွက်သွားတော့တယ်။

ဝူချန်ကြောင်အသွားတယ်။ သူ့ရဲ့ဓားကိုဆင့်ခေါ်ပြီး ချက်ချင်းအနောက်က လိုက်သွားလိုက်တယ်။

စိမ်းလန်းတဲ့မြက်ခင်းပြင်ကြီးအလယ်..
တစ်ကိုယ်လုံးသွေးလွှမ်းနေတဲ့မိန်းကလေးတစ်ယောက်က အသက်ရှူရပ်မတတ် မောဟိုက်စွာ လဲလျောင်းနေခဲ့တယ်။

“မြေခွေးမိစ္ဆာလေး..”
ဝူချန်က အမြန်ပြေးသွားလိုက်တယ်…

ချင်းဟန်လည်း သူမအနားမှာရှိနေပြီး သတိလစ်နေခဲ့တယ်။ သူ့ဆရာက ဒဏ်ရာမရှိပေမယ့် အနည်းငယ်ညစ်ပေပြီး ဖြူလျော်နေတယ်။ ရှီရှန်းရဲ့မျက်ဝန်းတွေက ဖြည်းညှင်းစွာပွင့်ဟလာခဲ့ပြီး..

“ရေရှိလား..?”

‘ရေ..???’

ဝူချန်ထင်လိုက်တာက ရှီရှန်းရေသောက်ချင်နေတယ်လို့ပေါ့။ အဲ့တာနဲ့ ရေသွားရှာခဲ့လိုက်တယ်။ ဒါပေမဲ့ ရှီရှန်းက ရေသောက်ချင်တာမဟုတ်ပဲ ရေချိုးချင်နေတယ်ဆိုတာကို ဘယ်သူကသိခဲ့မှာလဲ..?

Final Boss Is No Joke (Arc-17)Where stories live. Discover now