17.9

377 67 0
                                    

Unicode

မြို့တော်ဝန်က လူလွှတ်ပြီးအလောင်းသယ်ခိုင်းလိုက်တယ်။ ယွဲ့ရန်ဂိုဏ်းသားတွေလည်း ထိုလူနဲ့အတူ ရောက်ချလာတော့တယ်။

ကောင်းရော..
မီးတောင်ရှိရာ မိုးကြိုးပစ်လိုက်သလိုပဲ..

ယွဲ့ရန်ဂိုဏ်းသားတွေက လူအုပ်ထဲမှာရောနှောနေတဲ့ ယွီရှောင်ချီကို သတိထားမိလိုက်ကြတယ်။ သူမနဲ့ရွှမ်ဖုန်းက ဒီရက်ပိုင်းအတွင်းမှာ အတူတူသွားလာနေခဲ့ကြတာဆိုတော့ ယွဲ့ရန်ဂိုဏ်းသားတွေလည်း သူမကိုသိနေခဲ့ကြပြီ။ သူတို့တွေက ယွီရှောင်ချီနဲ့ရွှမ်ဖုန်းကို တစ်ဖွဲ့တည်းလို့ သတ်မှတ်ထားပြီးသား။ အံ့ဩစရာမရှိအောင် ယွီရှောင်ချီကို ဝိုင်းတိုက်ခိုက်ကြတော့တယ်။

အမျိုးသားဇာတ်လိုက်ကလည်း သူမကိုကာကွယ်ရင်း ပြန်တိုက်ခိုက်လာတော့ တည်းခိုဆောင်လေးအတွင်းမှာ အဖွဲ့နှစ်ဖွဲ့က သည်းသည်းမဲမဲတိုက်ခိုက်နေကြသလို မကြောက်တတ်တဲ့လူတစ်ချို့ကလည်း သူတို့ကိုဝန်းရံပြီး ကြည့်ရှုနေကြတယ်။

“ယွဲ့ရန်ဂိုဏ်းသားတွေက အဲ့ကောင်မလေးကို မိစ္ဆာလို့ခေါ်လိုက်တာမလား..? အဲ့ကောင်မလေးက မိစ္ဆာတစ်ကောင်လား..?”

“ဒါဆို လူတွေရဲ့နှလုံးကို လိုက်ထုတ်နေတဲ့လူသတ်သမားများလား..?”

မဖြစ်နိုင်တာ..”

“ပိုလှလေ ပိုပြီးလှည့်ဖျားတတ်လေပဲ..”

လူအုပ်ကြီးက အပြင်းအထန်ဆွေးနွေးနေကြတဲ့အချိန် ဝူချန်နဲ့ရှီရှန်းက အပေါ်ထပ်မှာမတ်တပ်ရပ်နေခဲ့တယ်။

“ရှောင်ရီ.. ကိုယ်သတ်လိုက်ရတော့မလား..?”

“ဘယ်သူ့ကို သတ်မှာလဲ?” ‘ဒါက ငါ့စတိုင်မဟုတ်ဘူး..’

“သူတို့ဘာသာ အရင်တိုက်ခိုက်ပါစေ.. ငါတို့က အခွင့်ကောင်းယူလိုက်ရုံပဲ..”
ရှီရှန်းက ဝူချန်ကို အသေးစိတ်ရှင်းပြလိုက်တယ်။

နှလုံးထုတ်ယူခံရတဲ့ဖြစ်ရပ်ကြောင့် ယွဲ့ရန်ဂိုဏ်းရဲ့ ဂိုဏ်းတပည့်တော်တော်များများက ဒီနေရာကိုရောက်ရှိကြတယ်။ အဲ့တာကြောင့် ဂိုဏ်းတပည့်တစ်ယောက်က ပြေးထွက်သွားပြီး ကျန်တဲ့လူတွေကို ထပ်ခေါ်လာခဲ့ပြန်တယ်။ ဒီလိုနဲ့ ယွဲ့ရန်ဂိုဏ်းသားတွေ အရေးနိမ့်တော့မယ့်အချိန် စစ်ကူရောက်လာတော့တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now