17.19

296 50 0
                                    

Unicode

ယွီရှောင်ချီက အကွယ်တစ်နေရာမှာပုန်းအောင်းရင်း ချောင်းကြည့်နေခဲ့တယ်။ ဂိုဏ်းတပည့်တစ်ယောက် နှလုံးထုတ်ပြီးအသတ်ခံလိုက်ရတယ်ဆိုတာကို ကြားလိုက်တော့ ယွီရှောင်ချီတစ်ယောက် အရမ်းတုန်လှုပ်သွားခဲ့တယ်။

‘အဲ့တာ.. သူပဲ
မျက်နှာဖုံးလူ ဒီကိုရောက်လာပြီ..’

“ရှောင်ချီ..”

သူမရဲ့ပုခုံးပေါ်ကို အေးစက်စက်လက်တစ်ဖက်ရောက်လာတာကြောင့် ယွီရှောင်ချီလည်း တောင့်ခဲသွားခဲ့တယ်။ တစ်စုံတစ်ယောက်က သူမကိုသိုင်းဖက်လိုက်ပြီး..

“ရှောင်ချီ.. ကိုယ်ပြောခဲ့တယ်လေ.. မင်းဘယ်သွားသွား ကိုယ်မင်းကိုလိုက်ရှာနိုင်တယ်ဆိုတာ..”

ယွီရှောင်ချီရဲ့တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီးအသက်ရှူမြန်လာခဲ့တယ်။ အသိစိတ်လွတ်လုနီးပါးပဲ..

သူ.. သူမကို ရှာတွေ့သွားခဲ့ပြီ..

“အား…”

ယွီရှောင်ချီက ထိုလူကိုတွန်းဖယ်ပြီး ထွက်ပြေးလာတာကြောင့် သူမရဲ့အော်သံက လူတိုင်းရဲ့အာရုံကိုဖမ်းစားသွားခဲ့တယ်။ ယွီရှောင်ချီက ဝမ်ရှန်းဂိုဏ်းတပည့်တွေကြားထဲ အမြန်ပြေးဝင်သွားလိုက်ပြီး..

“ဆရာ.. အဲ့တာသူပဲ.. လူတွေရဲ့နှလုံးကိုထုတ်နေတဲ့မိစ္ဆာကောင်..”

မျက်နှာဖုံးလူက ယွီရှောင်ချီကိုလိုက်ဖမ်းနေတာကြောင့် လူတိုင်းသတိထားမိသွားတယ်။ ဒါပေမဲ့ မျက်နှာဖုံးလူက ဘယ်သူ့ကိုမှဂရုမစိုက်ဘူး။ တစ်ချက်တောင်မရပ်တန့်သွားပဲ ယွီရှောင်ချီရှိရာကို တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်။

လူတိုင်းငေးကြောင်နေကြပြီး မြင်ကွင်းက ပရမ်းပတာဖြစ်နေတော့တယ်။

……………………..

System Space ထဲကို ရုတ်တရက်ပြန်ရောက်လာတာကြောင့် ရှီရှန်းလည်းကြောင်အ,သွားရတယ်။

‘ငါဘယ်လိုလုပ် ပြန်ရောက်လာတာလဲ..? သူတို့တွေ အပြင်မှာတိုက်ခိုက်နေတဲ့အချိန် ငါကအခန်းထဲမှာပဲနေခဲ့တာပါ..’

ရှီရှန်းက Screen ဆီ အမြန်ပြေးသွားလိုက်တယ်။

“Host, စိတ်အေးအေးထား..”
System ဆီမှ အသံထွက်လာခဲ့တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now