17.21

304 52 2
                                    

Unicode

ရှီရှန်းလည်း သူတို့နှစ်ယောက်ကို တစ်နေရာစီမှာချုပ်နှောင်ထားလိုက်တယ်။ ဝူချန်ကလည်း စိတ်ပျက်နေတဲ့မျက်နှာကြီးနဲ့ ရှီရှန်းကိုကူညီပေးနေလေရဲ့။

‘ချင်းဟန်က ဘာကိုမှသတိမရသေးဘူး။ ယွီရှောင်ချီပြောသမျှကိုလည်း ဘာမှမတုန့်ပြန်ဘူး..’

“ရှောင်ရီ.. မင်း..”
ဝူချန်က ရှီရှန်းကို တုံ့ဆိုင်းစွာပြောလိုက်တယ်။

‘သူမက ဆရာ့ကိုသတ်မလို့ ကြံနေတာများလား..?’

“ဘာလဲ..?”

ရှီရှန်းလည်း ခေါင်းမော့ကြည့်ပြီး ပြန်မေးလိုက်တယ်။ လမင်းရဲ့အလင်းရောင်အောက်မှာ အလင်းပြန်နေတဲ့မျက်ဝန်းတွေကြောင့် သူမရဲ့အမူအယာက ပိုပြီးခြောက်ခြားစရာကောင်းနေတယ်။

“ဘာမှမဟုတ်တော့ဘူး..”

ဝူချန်လည်း သူပြောချင်တဲ့စကားတွေကို အသာပြန်မြိုချလိုက်ရတယ်။ သူမရဲ့မျက်ဝန်းတွေကိုကြည့်ရင်း ဘာမှဆက်မပြောရဲတော့ဘူးလေ…

အရမ်းဆန်းကြယ်လွန်းတယ်..

အတိတ်မေ့ပြီးဒဏ်ရာရခဲ့တာကြောင့် ချင်းဟန်လည်း ချီစွမ်းအားတွေပြန်ရဖို့နှောင့်နှေးနေခဲ့တယ်။ ယွီရှောင်ချီလည်းကူညီပေးခဲ့ပေမယ့် သူမရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်လေ။ ထို့ကြောင့် ချင်းဟန်ရဲ့အခြေအနေက အတော်ကြာတဲ့အထိ တိုးတက်မလာခဲ့ဘူး။

ဝူချန်လည်း အရမ်းစိတ်ညစ်နေပေမယ့် ချင်းဟန်နဲ့အတူနေပေးပြီး သူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာအောင် ကြိုးစားနေလိုက်တယ်။

ရွာထဲမှာရှိတဲ့လူတိုင်းက လူငယ်လေးနှစ်ယောက်ရဲ့အိမ်ကို အန္တရာယ်ရှိတဲ့လူနှစ်ယောက်လာလည်တယ်ဆိုပြီး သိထားခဲ့ကြတယ်။ ဒါပေမဲ့ ထိုလူနှစ်ယောက်ရောက်လာပြီးကတည်းက လူငယ်လေးနှစ်ယောက်ကို မတွေ့ရတော့ဘူး။ ထိုအစား ခြံဝင်းထဲမှာ တစ်ခါတစ်ရံလမ်းလျှောက်နေတတ်တဲ့ သူစိမ်းမိန်းကလေးတစ်ဦးကိုသာ တွေ့ကြရတယ်။

စပ်စုတတ်တဲ့လူတစ်ချို့က အိမ်ထဲကိုချောင်းကြည့်တတ်ကြပေမယ့် ဘာကိုမှရှာမတွေ့ခဲ့ဘူး။

Final Boss Is No Joke (Arc-17)Where stories live. Discover now