17.5

459 70 2
                                    

Unicode

ဝမ်ရှန်းဂိုဏ်းအတွင်းဝယ်

ဝူချန်က ခန်းမအလယ်မှာရပ်နေပြီး လူတိုင်းကသူ့ကို စိုက်ကြည့်နေကြတယ်…

“ဂိုဏ်းချုပ်နှင့် ညီအကိုအပေါင်းတို့..” ဝူချန်တို့ သူတို့တွေကို ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်တယ်..

ဂိုဏ်းချုပ်က ထိုင်ခုံပေါ်မှာထိုင်နေခဲ့တယ်။ သူ့ရဲ့အသွင်အပြင်က မုတ်ဆိတ်မွှေးတွေနဲ့ ထက်မြက်ပြီးသမာသမတ်ကျတဲ့ ပုံစံမျိုး။ ဒါပေမဲ့ လောလောဆယ်တော့ သုန်မှုန်နေလေရဲ့…

“ညီလေး ဝူချန်… အခုတလော ဘယ်လိုဖြစ်လို့ ထိန်းမနိုင်သိမ်းမရဖြစ်နေရတာလဲ..”

ဝူချန်က တွန့်ကြေနေတဲ့သူ့အင်္ကျီစကို သေသပ်အောင်လုပ်လိုက်ပြီး..
“ဂိုဏ်းချုပ်.. ကျွန်တော်လည်းမရည်ရွယ်ပါဘူး… လူတစ်ချို့က ကျွန်တော့ကို လိုက်ဖမ်းနေကြတယ်…”

“ဟမ့်… အစ်ကိုဝူချန်က ဘယ်လိုလုပ်လိုက်ဖမ်းခံနေရတာလဲ??? ဝမ်ရှန်းဂိုဏ်းရဲ့ အတော်ဆုံးဆိုတဲဂုဏ်ပုဒ်ကို အစ်ကိုရထားတာပဲကို..” ဝဖိုင့်ဖိုင့်နဲ့ လူတစ်ယောက်က လှောင်ပြောင်လိုက်တယ်။

ဝူချန်က အေးအေးဆေးဆေးပဲ ပြန်လည်ချေပလိုက်တယ်..
“ကျွန်တော်က ဝမ်ရှန်းဂိုဏ်းမှာအတော်ဆုံးဆိုပေမယ့်  တလောကလုံးရဲ့အတော်ဆုံးတော့ မဟုတ်ဘူးလေ..”

ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းလိုက်ပြီး တခြားလူတွေကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်….
“မင်း အပြင်မှာ ဘာပြသနာရှာခဲ့သေးလဲ?” ဝူချန်ကို မေးလိုက်တယ်..

“ဘာမှ မလုပ်ပါဘူး… မြေခွေးမိစ္ဆာလေးတစ်ကောင်ကလွဲလို့ပေါ့… သူမက ကျွန်တော့ရဲ့အကြည့်အောက်မှာ ကျရှုံးသွားပြီး ကျွန်တော့ကိုလက်ထပ်ချင်နေတာလေ… ကျွန်တော်က ဆက်တိုက်ငြင်းပယ်နေခဲ့ပေမယ့် အဲ့မိစ္ဆာလေးက အတင်းအကျပ်လိုချင်နေတုန်းပဲ.. ဂိုဏ်းချုပ်လည်း သိသားနဲ့.. ကျွန်တော်က မိန်းကလေးတွေအပေါ်ကို အမြဲတမ်း သနားငဲ့ညှာတတ်တယ်လေ… ဘယ်လိုလုပ် မိန်းမတစ်ယောက်ကို တိုက်ခိုက်နိုင်မလဲ…”

ဝူချန်က ချက်ချင်းပဲ သူ့အလိမ်အညာတွေနဲ့ ရှီးရှန်ကိုအပြစ်ပုံချလိုက်တယ်။ သူ,မသိလိုက်တာက သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေအတွက် မကြာခင် ပြန်ပေးဆပ်ရတော့မယ်ဆိုတာကိုပဲ…

Final Boss Is No Joke (Arc-17)Where stories live. Discover now