17.4

516 74 3
                                    

Unicode

လူတိုင်းက ဘေးကင်းတဲ့နေရာရောက်တာနဲ့ မြေပြင်ပေါ်ဆင်းသက်လိုက်ကြတယ်။

သူတို့တွေ ပြန်လှည့်ကြည့်လိုက်တော့ ခုနကနေရာတစ်ခုလုံးက ဖုန်းတလုံးလုံးနဲ့ ပေါက်ကွဲထွက်သွားခဲ့ပြီ။ ထိုအထဲမှာတော့ မြွေသေးသေးလေးတွေလို ယှက်နွယ်နေတဲ့မိုးကြိုးလျှပ်စီးတွေကို တွေ့လိုက်ရတယ်။

ဒီလိုပြင်းထန်တဲ့စွမ်းအားမျိုးကို တစ်စုံတစ်ယောက်အဆင့်တက်တဲ့အချိန် ကပ်ဘေးဒုက္ခရင်ဆိုင်တဲ့အချိန်မှာပဲ မြင်တွေ့ဖူးကြတာ။  အရမ်းပြင်းထန်လွန်းတဲ့ထိုစွမ်းအားက တစ်လောကလုံးကို လွှမ်းမိုးထားသလိုပဲ။ ဘယ်သူမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။

မြေကြီးမှုန်တွေအနည်ထိုင်သွားတော့ ကြီးမားနက်ရှိုင်းတဲ့ကျင်းကြီးတစ်ခု သူတို့ရှေ့မှာ ပေါ်ထွက်လာခဲ့တော့တယ်။ မိုးကြိုးလျှပ်စီးတချို့က ကျင်းကြီးထဲမှာရှိနေတုန်းပဲ။ ကျင်းကြီးအနားကို တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို သူတို့တွေအားလုံး ခံစားမိလိုက်တယ်။

“ဒါဘာကြီးလဲဟ..?”

တစ်ယောက်မှ ပြန်မဖြမိကြဘူး။ ဘာတွေဖြစ်သွားတာလဲဆိုတာကို ဘယ်သူမှလည်း တိတိကျကျ မသိလိုက်ကြဘူး။

ဝူချန်လည်း တွင်းကြီးကိုစိုက်ကြည့်ရင်း အတွေးများနေခဲ့တယ်။ ထို့နောက် သူရဲ့ခေါင်းကို အသာမော့ကြည့်လိုက်တော့ လေထဲက ဓားပျံပေါ်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့မသဲမကွဲပုံရိပ်လေးတစ်ခု။

ဝူချန်ရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်တစ်ချို့ဖြတ်ပြေးသွားခဲ့ပြီး ဘယ်သူမှမသိလိုက်ခင်မှာပဲ မူလမျက်နှာအတိုင်း တည်ကြည်လေးနက်တဲ့အသွင် ပြန်ဖြစ်သွားခဲ့တယ်။
‘ဒီမြေခွေးမိစ္ဆာလေးက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ’

“ပေါက်ကွဲမှုက ဒီဘက်က လာတာ….”

“ဝမ်ရှန်းဂိုဏ်း !!! ဒီအရူးတွေ ဘာလုပ်နေကြတာလဲ?”

လူတစ်စုက သူတို့တွေရှိရာ ပြေးလာနေကြတယ်။ သေချာတာပေါ့။ အရင်ကတည်းက ရှီရှန်းကို သတ်ချင်နေကြတဲ့ ယွဲ့ရန်ဂိုဏ်းက လူတွေပဲ…
ဝမ်ရှန်းဂိုဏ်းနဲ့ယွဲ့ရန်ဂိုဏ်းက ဘယ်တုန်းကမှ တည့်တာမဟုတ်ဘူး။ တွေ့လိုက်တာနဲ့ အမြဲတိုက်ခိုက်နေကြတာ။ ဒါပေမယ့် အခုချိန်မှာတော့ ဝမ်ရှန်းဂိုဏ်ကလူတွေက ယွဲ့ရန်ဂိုဏ်းကို အဖက်မလုပ်နိုင်သေးဘူး။ အကုန်လုံးက ထူးဆန်းတဲ့ကျင်းကြီးကိုပဲ စိုက်ကြည့်နေတယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now