17.7

393 61 0
                                    

Unicode

ဝူချန်ကလည်း နေရာတကာ ဝင်ပါတတ်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ မိန်းကလေးနဲ့ထိုလူတွေက အချင်းချင်းရုန်းကန်ကြရင်း ရှီရှန်းအနားကို တိုးကပ်လာကြတယ်။ ရှီရှန်းက အဲ့မိန်းကလေးထက်ပိုပြီးလှပတော့ ထိုလူတွေလည်း ဉာဏ်များလာကြတော့တယ်။

ဝူချန်က စွမ်းအားပျောက်ဆုံးနေတယ်ဆိုပေမယ့် သူ့ရဲ့ကိုယ်ခံပညာနဲ့ သာမာန်လူတွေကို အေးဆေးဖြေရှင်းနိုင်သေးတယ်။ ထိုလူအုပ်ကြီးထွက်ပြေးသွားအောင် ဖိအားပေးပြီးနောက် မိန်းကလေးကရှိုက်ကြီးတငင်နဲ့ ဝူချန်ကို ကျေးဇူးအထပ်ထပ် တင်နေတော့တယ်။

သူမက ဝူချန်ကို လက်ထပ်မယ်လို့တောင် ကတိပေးလိုက်သေးတယ်..

ရှီရှန်းက ဝူချန်ကို လှောင်ပြောင်သလိုကြည့်လိုက်ပြီး ငွေစတစ်ချို့ကို စားပွဲပေါ်တင်ထားခဲ့ကာ ဆိုင်ထဲကနေထွက်သွားခဲ့တယ်။

ဝူချန်လည်း စိတ်ပျက်လက်ပျက်ဖြင့်…
“ငါလက်ချောင်းလေးတစ်ချောင်းပဲ မြှောက်လိုက်ရတာပါ.. အဲ့တာကြောင့် ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး.. သွားပြီ”

သူ့ကိုအမိဖမ်းနေတဲ့မိန်းကလေးကို တွန်းထုတ်လိုက်ပြီး ရှီးရှန်နောက်ကို အမြန်ပြေးလိုက်ရတော့တယ်။ နှစ်ယောက်သား မြို့ထဲရောက်တဲ့အထိ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လာခဲ့ကြတယ်..

“မင်း…”
မြို့ထဲရောက်တာနဲ့ ဝူချန်က ရှီရှန်းကို စိတ်မထိန်းနိုင်တော့ပဲမေးလိုက်တယ်။

“ခုနက လိမ်ညာနေတာမှန်း ဘယ်လိုလုပ်သိတာလဲ??”

သူမက ဟိုမိန်းကလေး တကယ်ဒုက္ခရောက်နေသလား၊ လိမ်ညာနေတာလားဆိုတာကို သေသေချာချာသိနေသလိုပဲ။ ပြန်စဉ်းစားကြည့်မယ်ဆို ဟိုမိန်းကလေးကို ဘယ်သူကမှ လိုက်မနှောင့်ယှက်နေဘူး။ သူတို့က သူမကိုကူညီပြီး ထောင်ချောက်ဆင်နေခဲ့တာ။

ရှီရှန်းက ဟိုဟိုသည်သည်သွားလာနေတဲ့ လူအုပ်ကြီးကိုကြည့်လိုက်ပြီး…
“အတွေ့အကြုံများလေ.. ပိုသိလေပဲ”

ဝူချန်တစ်ယောက် မျက်မှောင်ကြုတ်သွားတယ်။ သူလည်း လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ သူမလို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဉာဏ်များတတ်တဲ့လူတွေရဲ့အကျင့်ကို မြင်နိုင်ဖို့ကျခက်ခဲတယ်လေ။ ပြောရမယ်ဆိုရင် လူသားတွေက စိတ်အပြောင်းအလဲအမြန်ဆုံးပဲ မဟုတ်လား…

Final Boss Is No Joke (Arc-17)Where stories live. Discover now