17.26

299 43 4
                                    

Unicode

ရှီရှန်းက ရွှမ်ဖုန်းရဲ့ဓားကို သူမရဲ့ဓားဖြင့်ပင့်ယူလိုက်ပြီး လိုက်ထဲမှာကိုင်ထားလိုက်တယ်။ သူမရဲ့မျက်ဝန်းတွေက တဒင်္ဂမှောင်မိုက်သွားခဲ့ပြီး ဓားကို လွှင့်ပစ်လိုက်ပြန်တယ်။

“ကလန့်…”

ရှီရှန်းက အနောက်လှည့်လိုက်ပြီး အနီးနားကမိစ္ဆာတွေကို လက်ယပ်ခေါ်လိုက်တယ်။ မိစ္ဆာအမြောက်အများက ချက်ချင်းပြေးသွားကြတော့တယ်။

“မင်းသမီးလေး…”

“သူ့ကို သတ်ပစ်လိုက်”
ရှီရှန်းက ပေါ့ပေါ့ပါးပါးအမိန့်ပေးလိုက်တယ်။

“ဟမ်..?” ‘ဒါက မြွေမိစ္ဆာဘုရင်လေ… ငါတို့ သူ့ကိုသတ်နိုင်ပါ့မလား..?’

“မြန်မြန်လုပ်..”
ရှီရှန်းကဆော်ဩလိုက်တယ်။

‘ဇာတ်ညွှန်းရေးသူထက် ငါတို့က ပိုမြန်နေမှဖြစ်မယ်ဟ…’

မိစ္ဆာလေးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး မိစ္ဆာလေးတစ်ယောက် ရှေ့ထွက်လာခဲ့တယ်။ သူ့ရဲ့အရိုးဓားကို တုန်ယင်နေတဲ့လက်ဖြင့်ဆင့်ခေါ်လိုက်ပြီး အံကြိတ်ကာ ရွှမ်ဖုန်းကိုခုတ်ပစ်လိုက်တော့တယ်။ ရွှမ်ဖုန်းကလည်း ဒယိမ်းဒယိုင်ဖြင့် အနောက်ကိုရှောင်လိုက်တယ်။ ဒါပေမဲ့ အရိုးဓားက သူ့မျက်ဝန်းအိမ်ထဲမှာ ပိုမိုကြီးမားလာသလို တဖြည်းဖြည်းအနားကပ်လာတော့တယ်။

ရှီရှန်းကတော့ အေးအေးဆေးဆေးရပ်ကြည့်နေလိုက်တယ်…

အမြဲတမ်း အဲ့လိုပဲ…
“ဟူး…”

သူ့ရဲ့ရင်ဘတ်ထဲကို အရိုးဓားစိုက်ဝင်သွားတဲ့အချိန် ရွှမ်ဖုန်းက မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်ပြီး..

“ငါ့ကို ဒီနည်းလမ်းနဲ့ သတ်လို့ရမယ်ထင်နေတာလား..?”

မိစ္ဆာလေးက ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး အဆောင်တစ်ခုကို အရိုးဓားပေါ်ရိုက်လိုက်တယ်။ အဆောင်က ရုတ်တရက်ဆိုသလို အလင်းတန်းတွေဖြာထွက်လာခဲ့ပြီး ဓားမှတဆင့် ရွှမ်ဖုန်းရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားတော့တယ်။

ရွှမ်ဖုန်းတစ်ယောက် တောင့်ခဲသွားတော့တယ်။ သူ့ရင်ဘတ်ကထွက်ပေါ်လာတဲ့အလင်းတန်းတွေကို မယုံကြည်နိုင်သလိုငုံ့ကြည့်နေမိတော့တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now