17.28

294 43 0
                                    

Unicode

မိစ္ဆာမင်းသမီးက ယွဲ့ရန်ဂိုဏ်းကို ဖောက်ခွဲပစ်ခဲ့တယ်တဲ့…

ထိုသတင်းက လူတွေကြားမှ ခေါင်းစီးသတင်းဖြစ်လာခဲ့တော့တယ်။ ယွဲ့ရန်ဂိုဏ်းသားတွေက မိစ္ဆာဘုရင်ဆီကိုသွားပြီး သူတို့ရဲ့ဆုံးရှုံးမှုတွေအတွက် အလျော်တောင်းကြပြန်တယ်။ မိစ္ဆာဘုရင်ကြီးက ပိုပြီးတောင် ကရုဏာကင်းမဲ့သေးတယ်။ လာရှာတဲ့လူတွေကို ဂရုမစိုက်တဲ့အပြင် ‘ပြဿနာရှာခဲ့တဲ့လူကိုသွားရှာကြ’လို့ ပြောလွှတ်လိုက်တယ်။

မိစ္ဆာဘုရင်ကြီးကလည်း သူတို့ကိုဂရုမစိုက်ဘူး။ ‘မင်းတို့ကိုပြဿနာရှာခဲ့တဲ့လူကို သွားရှာကြ’ တစ်ခွန်းတည်း ပြောလွှတ်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှီရှန်းကို ဒေါသထွက်နေတော့တယ်။ မနာခံတဲ့မျိုးမစစ်လေးကို အိမ်ပြန်ခေါ်ပြီး ကြိမ်လုံးနဲ့ရိုက်ပစ်ချင်တဲ့အထိပဲ။

ယွဲ့ရန်ဂိုဏ်းသားတွေလည်း ဒေါသတကြီးပြန်သွားကြရတော့တယ်။

‘ဒီကိစ္စကို ဒီလိုဖြေရှင်းလိုက်ရုံနဲ့ပြီးသားရောလား..? ငါတို့လက်မခံနိုင်ဘူး.. မိစ္ဆာဘုရင်က ဂရုမစိုက်ဘူးဆိုမှတော့ ငါတို့ဘာသာဖြေရှင်းကြမယ်..’

ထိုအချိန်မှစ၍ လူသားလောကကြီးလည်း ပိုမိုရှုပ်ထွေးလာခဲ့တော့တယ်။

………..

“အကူအညီတောင်းပါတယ် ကျွန်မရဲ့ဖခင်ကို မြေမြှုပ်သင်္ဂြိုလ်နိုင်အောင် ကူညီပေးကြပါရှင်.. ရှင်တို့ရဲ့သနားကြင်နာမှုအတွက် အရာအားလုံးပြန်လည်ပေးဆပ်ပါ့မယ်..”

မိန်းမလှလေးတစ်ယောက်က လမ်းဘေးမှာဒူးထောက်ထိုင်နေပြီး သူ့ရဲ့အနောက်မှာတော့ ကောက်ရိုးဖျာတွေနဲ့ဖုံးလွှမ်းထားတဲ့ လက်တွန်းလှည်းတစ်ခုရှိနေခဲ့တယ်။ ပြီးတော့ ဖျာအောက်ကနေ လက်တစ်ဖက်ထွက်ကျနေပြန်တယ်။

‘ကောင်မလေးက သူ့အဖေကိုသင်္ဂြိုလ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုရောင်းစားနေတာပဲ..’

ရှီရှန်းက လူအုပ်ကြားမှာရပ်နေပြီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ အနီးနားမှာ ထူးဆန်းတဲ့လူတွေရှိမနေတော့မှ စိတ်သက်သာရာရသွားပြီး ပွဲဆက်ကြည့်နေလိုက်တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now