17.10

367 61 0
                                    

Unicode

ရွှမ်ဖုန်းက ကြောက်ရွံ့ဟန်မပြပဲ မိစ္ဆာတစ်ကောင်ကဲ့သို့ အေးစက်စက်ရယ်မောလိုက်တယ်။ ရှီရှန်းလည်း မျက်မှောင်ကြုတ်သွားခဲ့တယ်။

မကောင်းတဲ့ခံစားချက်တွေ ရနေသလိုပဲ..

သေချာတာပေါ့။ ဓားစိုက်ဝင်သွားတဲ့အချိန် ရွှမ်ဖုန်းရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

'သေစမ်း.. ဇာတ်လိုက်ကောင်က အရမ်းအားနည်းနေပါတယ်မှတ်တာ.. သူ့ခန္ဓာကိုယ်အစစ် မဟုတ်ဘူးကိုး.. ငါ့ရဲ့အင်အားတွေ အလဟဿဖြစ်ကုန်ပြီ..'

"သူ့ခန္ဓာကိုယ်မဟုတ်ဘူး.."

ဝူချန်က ဓားကိုရုတ်သိမ်းလိုက်ပြီး..
"ရွှမ်ဖုန်းကို သတ်ဖို့မလွယ်လောက်ဘူး.."

'ဒီအရှုပ်ထုတ်မိစ္ဆာမက တကယ့်ကိုအသုံးမကျတာပဲ..'
ရှီရှန်းက ယွီရှောင်ချီကိုလှည့်ကြည့်လိုက်တယ်။ ကြည့်ရတာ ရွှမ်ဖုန်းသေသွားပြီလို့ထင်နေပုံပဲ၊ ဝမ်းနည်းတကြီး ငိုကြွေးနေလေရဲ့...

ရှီရှန်းလည်း ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ သူမ,မလှုပ်ရှားရသေးခင် အဖြူရောင်အခိုးအငွေ့တွေက နေရာအနှံ့ ထွက်ပေါ်လာခဲ့တော့တယ်။ တည်းခိုဆောင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး အဖြူရောင်အငွေ့ကလွဲရင် တခြားဘယ်အရာကိုမှ မမြင်ရတော့ဘူး။

ထိုအခိုက်အတန့် ယွဲ့ရန်ဂိုဏ်းသားတွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်သွားပြီး တိုက်ခိုက်သံတွေ စတင်ထွက်ပေါ်လာခဲ့တော့တယ်။ အဖြူရောင်အခိုးအငွေ့တွေပျောက်ကွယ်သွားခဲ့အချိန် ယွီရှောင်ချီကိုဖမ်းထားတဲ့လူက ကြမ်းပြင်ပေါ်မှာလဲလျောင်းနေပြီး ယွီရှောင်ချီကတော့ ပျောက်ကွယ်သွားခဲ့ချေပြီ။

"ဟိုကောင်မလေး ဘယ်ရောက်သွားတာလဲ?"

"တစ်ယောက်ယောက် ငါ့ကိုရိုက်သွားတယ်.."

ရှီရှန်းသက်ပြင်းချလိုက်တယ်။
'သေချာတာပေါ့.. ဇာတ်လိုက်နှစ်ယောက်ကိုမသတ်နိုင်ခင် သူတို့ရဲ့ကံကောင်းမှုကို လျစ်လျူရှုထားလို့မှမရတာ...'

"အဲ့တာသူတို့ပဲ.. သူတို့လုပ်တာပဲဖြစ်ရမယ်.."
ယွဲ့ရန်ဂိုဏ်းသားတွေက ရှီရှန်းနဲ့ဝူချန်ကို ချက်ချင်းလက်ညှိုးထိုးလာကြတယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now